ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၇၆၉ ဦး ထပ်မံတွေ့ရှိ

မော်စကို အောက်တိုဘာ ၃

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၇၆၉ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူစုစုပေါင်း ၇၅၈၆၅၃၆ ဦးရှိလာကြောင်း ရုရှား နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန် ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌  လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၈၉၀ ထပ်မံတွေ့ရှိခဲ့သဖြင့်     ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၀၉၉၁၈ ဦးရှိလာကြောင်း သိရ သည်။


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၅၃၉၁ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း   ၆၇၂၅၉၆၅ ဦးရှိလာ ကြောင်း သိရသည်။


မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု    အများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း     ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၂၉၄ ဦးရှိခြင်းကြောင့် မြို့တော် တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၆၄၆၂၃၉ ဦးရှိလာကြောင်း သိရသည်။


ရုရှားနိုင်ငံ၏     ဒေသတွင်းမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ ရုရှားနိုင်ငံတစ်ဝန်းလုံး ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး သူစုစုပေါင်း ၄၂ ဒသမ ၅  သန်းကျော်ရှိကြောင်း သိရသည်။


 ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်