
မော်စကို မတ် ၃၀
ရုရှားနိုင်ငံ မော်စကိုမြို့ ဆင်ခြေဖုံး တစ်ခုရှိ ကပွဲတစ်ခု၌ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၁၄၄ ဦးအထိတိုးလာ ကြောင်းနှင့် ဒဏ်ရာရသူ ၅၅၁ ဦး ရှိကြောင်း မတ် ၃၀ ရက်တွင် ဒေသတွင်း အာဏာပိုင်များက ပြောကြားသည်။
မတ် ၃၀ ရက် နံနက် ၆ နာရီ အထိ အဆိုပါတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် ကလေး ငါးဦးပါဝင်ပြီး အခြားကလေး ၁၀ ဦးမှာ ဒဏ်ရာရရှိကြောင်း မော်စကိုဒေသဆိုင်ရာ အရေးပေါ် ဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောကြားသည်။
မတ် ၂၂ ရက်က မော်စကို အနောက်မြောက်ပိုင်း၌ Crocus မြို့တော်ခန်းမ၌ တေးဂီတ ဖျော်ဖြေပွဲ ကျင်းပသည့်နေရာကို သေနတ်သမားများက တိုက်ခိုက် ခဲ့ပြီး အဆောက်အအုံကို မီးရှို့ခဲ့ ကြောင်း သိရသည်။
ဆင်ဟွာ