
နေပြည်တော် ဧပြီ ၂၈
“ရုရှား-မြန်မာ ပူးပေါင်း ဆောင် ရွက်ရေး မဟာဗျူဟာ” ဖိုရမ်ကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဧပြီ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ ပြီး အဆိုပါဖိုရမ်သို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်သို့ တက်ရောက် ခဲ့သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့ တွင် ရောက်ရှိနေစဉ်အတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ရည်ရွယ်၍ သက်ဆိုင် ရာ ရုရှားအဖွဲ့အစည်းများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။
ဆွေးနွေးမှုများအတွင်း နှစ်နိုင်ငံ သံတမန် ဆက်သွယ်ထူထောင်မှု စိန်ရတုပြည့်မြောက်ခဲ့မှုနှင့်အတူ နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေး အရှိန်အဟုန် မြင့်မား လာမှုကို အသိအမှတ်ပြုခဲ့ကြပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွင် အဆက်အသွယ်များ တည်ဆောက်နိုင်မှုနှင့် နိုင်ငံများ အကြား ပညာရေးဆိုင်ရာဆက်ဆံ ရေး ထူထောင်မှုများမှတစ်ဆင့် ရုရှား-မြန်မာ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ အပြန်အလှန်ဆက်သွယ်ရေး အတွက် လိုအပ်ချက်များ၊ ရုရှား ဈေးကွက်သို့ မြန်မာ့ထုတ်ကုန် ပစ္စည်းများ တင်ပို့ရေးဆိုင်ရာများ၊ ရုရှားနှင့် မြန်မာကြား လူသားချင်း စာနာမှု၊ ပညာရပ်ဆိုင်ရာနှင့် လူမှုရေး-နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရေးဆိုင်ရာ များ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ဖိုရမ်အစီအစဉ်များပြီးနောက် ကိုယ်စားလှယ်အဖွဲ့သည် စိန့် ပီတာစဘတ်မြို့ရှိ ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ခြင်းနှင့် ရုရှားနိုင်ငံ ယဉ်ကျေးမှုမြို့ တော်ဖြစ်သည့် စိန့်ပီတာစဘတ် မြို့အတွင်း လေ့လာရေးအစီအစဉ် များ ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်