
နေပြည်တော် မတ် ၁
ABU Media Academy မှ စီစဉ်ပြုလုပ်သည့် ရုပ်သံအစီအစဉ် ထုတ်လွှင့်ခြင်းနှင့် ကျင့်ဝတ် ဆိုင်ရာသင်တန်း (Broadcasting Progra-mming and Ethics Course) ကို ယနေ့ မွန်းလွဲပိုင်းက Online ဖြင့် ကျင်းပရာ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် Broadcasting Ethics & Program Improvement Organization မှ International Affairs Officer Mr.Jun Ogawa က ဂျပန်နိုင်ငံ BPO ၏ မှတ်တမ်းရုပ်ရှင် ထုတ်လုပ်မှုနှင့် လူငယ်ကာကွယ်မှုဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ မကြာမီက ထုတ်ပြန် ခဲ့သည့် ဆုံးဖြတ်ချက်များ၊ စိန်ခေါ်မှုများစွာ ရှိနေသော မီဒီယာပတ်ဝန်းကျင်တွင် ယှဉ်ပြိုင် မှုများ ဆက်လက်ရှိနေရန်၊ ရုပ်သံလွှင့်သူများ အတွက် အဓိကသော့ချက်ဖြစ်သော နှစ်ပေါင်း များစွာ အောင်မြင်ခဲ့သည့် ယုံကြည်မှုကို ဆက်လက်ထိန်းထားရန် (သို့မဟုတ်) ပြန်လည် ရရှိရန်၊ ရုပ်သံထုတ်လွှင့်သူများ၏ ကျင့်ဝတ် စံနှုန်းများ မြှင့်တင်နိုင်ရန်တို့ကို ဥပမာများဖြင့် ဆွေးနွေးမျှဝေသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သည် Asia-Pacific Broadcasting Union (ABU)သို့ နိုင်ငံကိုယ်စားပြု၍ ၂၀၁၀ ပြည့်နှစ်မှ စ၍ Full Mem-ber အဖြစ် ဝင်ရောက်ခဲ့ကြောင်း၊ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီးနောက် ABU မှ Webinar မှ တစ်ဆင့် သတင်းနှင့်အစီအစဉ်များ ကို Online သင်တန်းများဖြင့် ပြုလုပ်ပေး လျက်ရှိရာ MRTV မှ စိတ်ပါဝင်စားပြီး လုပ်ငန်းခွင် တွင် လက်တွေ့လုပ်ဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တက်ရောက်လေ့လာ သင်ယူလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်