
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့် လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံး၌ Online စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတို့မှ တာဝန်ရှိသူများ၊ မြဝတီရုပ်မြင်သံကြား နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာ၌ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော မီဒီယာ များ ဖြစ်သည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မီဒီယာအပိုင်းမှ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးရေး၊ ထုတ်လွှင့်ပြသမှု အစီအစဉ်များတွင် အမှားအယွင်း မပါရှိအောင် ကြပ်မတ်စစ်ဆေး ဂရုစိုက်ဆောင်ရွက် ရေး၊ အခပေး ရုပ်သံလိုင်းများအနေဖြင့် ပြသမည်ဟု ကြေညာပြီး ပြသထုတ်လွှင့်ခြင်း မပြုနိုင်ပါက ကြည့်ရှုသူများမှ သတင်းပို့တိုင်ကြားမှုများ ရှိလာနိုင် သဖြင့် တာဝန်ရှိသည့် ကုမ္ပဏီများအနေဖြင့် တာဝန် ယူမှု၊ တာဝန်ခံမှုဖြင့် ပြည်သူကို ပြန်လည်အသိပေး ပြန်ကြားပေးရေးနှင့် ဝန်ဆောင်မှု ကောင်းမွန်စေရေး၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ၊ လျှပ်စစ် ဓာတ်အားခနှင့် စာချုပ်ပါပေးသွင်းရမည့် ဝန်ဆောင်မှု စရိတ်များကို အချိန်မီပေးသွင်းရေး၊ ကုမ္ပဏီများမှ နိုင်ငံခြားသား ဝန်ထမ်းများ၏ ပြည်တွင်းနေထိုင်မှုနှင့် ဗီဇာကိစ္စများတွင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖြစ်စေရေး တို့ကို ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရုပ်သံလွှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းညှိနှိုင်းအစည်း အဝေးများကို နှစ်လ တစ်ကြိမ်ပြုလုပ်ကာ ရုပ်သံ ထုတ်လွှင့်ခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေ ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်