ရုံးလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရည်မှန်းချက်ပြည့်မီ၍ ရေရှည်အောင်မြင်အောင်ကြိုးပမ်း လွန်းကျင်းများတွင် လွန်းတင်ပြင်ဆင်မှုများ သတ်မှတ်လွန်းကျင်း လျာထားချက်အချိန်များအတိုင်း ဆောင်ရွက်

 

ရန်ကုန်   ဇွန်   ၁၇


ပို့ဆောင်ရေးနှင့်           ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဒုတိယဝန်ကြီး ဦးလူမွန်၊ တာဝန်ရှိသူများနှင့် အတူ   ယနေ့မွန်းလွဲပိုင်းတွင်  ရန်ကုန်မြို့  မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံး ခန်းမဆောင်၌ ဝန်ကြီးဌာန အောက်ရှိ  ရန်ကုန်မြို့အခြေစိုက်ဌာနများမှ   ဌာန အကြီးအမှူးများနှင့် အရာထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 


ပြည်ထောင်စုဝန်ကြီးက   နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးရရှိ ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများ၊ ဝန်ကြီးဌာနက ချမှတ်ထားသောမူဝါဒများ၊ ရည်မှန်း ချက်နှင့် လုပ်ငန်းတာဝန်များ၊ ဌာနအလိုက် လုပ်ငန်း စွမ်းရည်များ   အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို   ရှင်းလင်းပြောကြားပြီး  ဌာန အလိုက် ညွှန်ကြားရေးမှူးရာထူးအဆင့်မှ ညွှန်ကြားရေးမှူးချုပ်ရာထူးအဆင့်အထိ အဆင့်မြင့်အရာရှိကြီး များသည်   လုပ်ငန်းအတွေ့အကြုံရှိပြီး    လုပ်ငန်း ကျွမ်းကျင်ပြီးသူများဖြစ်၍ ဌာန၏ ရည်မှန်းချက် တာဝန်များ စဉ်ဆက်မပြတ် အောင်မြင်စေရေးတွင် အဓိကပုဂ္ဂိုလ် (Key Person) များ ဖြစ်ကြပါကြောင်း၊ ရုံးလုပ်ငန်းများကို    ပြဋ္ဌာန်းထားသည့်  လုပ်ထုံး လုပ်နည်းများနှင့်အညီ ရည်မှန်းချက်ပြည့်မီ၍ ရေရှည် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပြောင်းလဲနေသည့်       ခေတ်မီနည်းပညာများကို အသုံးချ၍ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများ၏ ရုံးလုပ်ငန်း စွမ်းဆောင်ရည်   တိုးတက်မြင့်မားလာရေးအတွက် လိုအပ်သလို      လေ့ကျင့်သင်ကြားပေးကြရန်နှင့် ၎င်းတို့၏ သက်သာချောင်ချိရေးကိစ္စများ၊ ကျန်းမာ ရေး   လိုအပ်ချက်များကို   ဖြည့်ဆည်းပေးရန်၊  ဌာန အလိုက် ရုံး၊ အဆောက်အဦ၊ ပစ္စည်းနှင့် ဝန်ထမ်းလုံခြုံ ရေးတို့ကို အထူးသတိပြုဆောင်ရွက်ရန်  မှာကြားသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒလမြို့နယ်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ လုပ်ငန်းဆောင်ရွက် နေမှုအစီအစဉ်များ တင်ပြချက်အပေါ် လွန်းကျင်းများ တွင်    လွန်းတင်ပြင်ဆင်မှုများအား   သတ်မှတ် လွန်းကျင်း    လျာထားချက်အချိန်    (Docking Schedule) များအတိုင်း   ဆောင်ရွက်ကြရန်၊   မိမိ လွန်းကျင်းများ စံချိန်စံညွှန်းနှင့်အညီ ကြံ့ခိုင်ကောင်း မွန်ရေး၊    ပြင်ပရေယာဉ်များ   တည်ဆောက်ခြင်း၊ လွန်းတင်ပြင်ဆင်ခြင်းဖြင့် ဝင်ငွေရရှိအောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း စေရေး အလေးထားဆောင်ရွက်ခြင်း၊ သန့်ရှင်းသပ် ရပ်ရေး၊ စနစ်တကျရှိရေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

 


သတင်းစဉ်