
ပဲခူး စက်တင်ဘာ ၁၅
စည်ပင်သာယာရေး လုပ်ငန်းများ သည် အခွန်အကောက်ရငွေများ အပေါ်မူတည်၍ မြို့သန့်ရှင်း သာယာလှပရေးအတွက် ဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ရသင့် ရထိုက်သည့် အခွန်ငွေများ အပြေအကျေ ကောက်ခံရရှိရန်၊ အခွန်ငွေများနှင့် ပတ်သက်၍ အလွဲသုံးစားမှု မရှိစေရန်နှင့် အခွန် နှုန်းထားများကို ခေတ်ကာလ နှင့်ကိုက်ညီသည့် အခွန်နှုန်းထား များဖြစ်အောင် ဆောင်ရွက်ကြရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အတွင်းရှိ စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိများကို မှာကြားသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် က ယနေ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ထိုသို့မှာကြားခဲ့ခြင်းဖြစ် သည်။
ထို့ပြင် အခွန်ငွေများ တိုးတက်ရရှိရေးအတွက် အခွန် ပုန်းရှောင်မှုများကို ဖော်ထုတ် ကောက်ခံသွားရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေး အဖွဲ့သည် ပြည်သူ့လူထုနှင့် တိုက်ရိုက် ထိတွေ့ ဝန်ဆောင်မှုပေးရသည့် ဌာနတစ်ခုဖြစ်ပြီး စည်ပင်သာယာ ရေးအဖွဲ့၏ လုပ်ဆောင်မှုတိုင်း သည် အစိုးရ၏ပုံရိပ်ဖြစ်သည်ကို သတိပြုရန်လိုကြောင်း၊ ယဉ်ယဉ် ကျေးကျေး ပြေပြေပြစ်ပြစ် ဆက်ဆံကြရမည် ဖြစ်ကြောင်း၊ ဈေးများတွင် ကြွပ်ကြွပ်အိတ်သုံးစွဲ မှု လျှော့ချရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း များ အရှိန်အဟုန်မြှင့်တင် ဆောင် ရွက်ကြရမည် ဖြစ်ကြောင်း၊ မြို့တွင်းလမ်းများ ပြန်လည် အဆင့်မြှင့်တင်ရာတွင် လမ်းဘေး ဝဲ/ယာ အဆောက်အဦနှင့် မြေပြင် အနိမ့်အမြင့်ကို သေချာတွက်ချက် ဆောင်ရွက်ရန် လိုကြောင်း၊ စည်ပင်သာယာရေး လုပ်ငန်းများ ရေးဆွဲတင်ပြရာတွင် သက်ဆိုင်ရာ မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံကာ အမှန်တကယ် အသုံးဝင်မည့် လိုအပ်သော နေရာများကို ကွင်းဆင်းစိစစ်၍ အဆင့်သတ်မှတ် ချက်အလိုက် တင်ပြကြရန်နှင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်သွားရန် မှာကြားသည်။
အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက လုပ်ငန်း လိုအပ်ချက်များကို ဖြည့်စွက် အကြံပြု တင်ပြကြပြီး မြို့နယ် ၂၈ မြို့နယ်မှ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အစိုးရအဖွဲ့ ထောက်ပံ့ငွေ၊ အခွန်အကောက် ရငွေများဖြင့် လမ်း၊ တံတား၊ မြို့ရေပေးဝေရေး နှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြကာ ဝန်ကြီး ချုပ်က လိုအပ်သည်များ မှာကြား သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ သည် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လမ်း/ တံတား/ မြို့ရေပေးဝေရေးနှင့် သန့်ရှင်း သာယာ လှပစေရေးအတွက် ငွေကျပ် ၈၄၀၆ ဒသမ ၆၀၅ သန်း ထောက်ပံ့ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်