ရပ်နားထားသည့် စက်ရုံအလုပ်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးဆွေးနွေး

နေပြည်တော်    ဇွန်   ၂၈


စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို  ယနေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၀) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ပြန်လည်လည်ပတ်နိုင်ရေး


အစည်းအဝေးတွင်    ပြည်ထောင်စုဝန်ကြီး  ဒေါက်တာချာလီသန်းက  ရပ်နားထားသည့်  စက်ရုံ၊ အလုပ်ရုံများ  အမြန်ဆုံး   ပြန်လည်လည်ပတ်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း      ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊    နိုင်ငံပိုင်စက်ရုံများမှ   ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် ထုတ်ကုန် များကို လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး  စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံများပြန်လည် လည်ပတ်နိုင်ရန်နှင့် လည်ပတ်ရန်အဆင်သင့်ဖြစ်စေ  ရန်အတွက် လာမည့်ဘတ်ဂျက်နှစ်တွင် ငွေလုံးငွေရင်း  အသုံးစရိတ်များ တောင်းခံရာ၌  မဖြစ်မနေ  သုံးစွဲ ရမည့်စက်များ  ပြုပြင်ထိန်းသိမ်းခြင်း၊   ပြန်လည် လည်ပတ်နိုင်ရန်ဆောင်ရွက်ရမည့် အသုံးစရိတ်များ ကိုသာ ထည့်သွင်းလျာထားရေးဆွဲရမည်ဖြစ်ကြောင်း၊ သာမန်အသုံးစရိတ် တောင်းခံရာတွင်လည်း ထုတ်လုပ် မှုဆောင်ရွက်ရန်အတွက်    ကုန်ကြမ်းဝယ်ယူခြင်း၊ စက်လည်ပတ်စရိတ်များ၊ စွမ်းအင်စရိတ်၊ လစာစရိတ်၊   စီမံခန့်ခွဲမှုစရိတ်များကိုသာ   ညွှန်ကြားချက်များနှင့် အညီ ထည့်သွင်းရေးဆွဲရမည်ဖြစ်ကြောင်း။ 
မှာကြား


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “မြို့တွင်း ပြေးဆွဲသည့်   လျှပ်စစ်ကားများ   ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်သွားရန်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကို အားပေးရန်နှင့်  စိုက်ပျိုးရေးနှင့်   မွေးမြူရေးကို အခြေခံသည့် ပြည်တွင်းရှိ SME များကို  အားပေး ဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီး/ ပြည်နယ်/  မြို့တော်များတွင်  ဖွံ့ဖြိုးရေးဇုန်၊  စက်မှုဇုန်များကို လုပ်ဆောင်ရန်၊     ပြည်တွင်း   အထည်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက်    အားပေးဆောင်ရွက်ရန်၊  ပုဂ္ဂလိကပိုင်ပြုလုပ်နိုင်ခြင်းမရှိသော    ရပ်နားထား ရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်ရန်၊  သာပေါင်းစက္ကူစက်ရုံနှင့် မှန်စက်ရုံများကို ပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်ရန်၊     ပြည်ပထုတ် ဘိလပ်မြေနှင့် အရည်အသွေးမကွာသော ဘိလပ်မြေ များ ပြည်တွင်းစက်ရုံများမှ ထုတ်လုပ်ရန်”  စသည် တို့ကို လမ်းညွှန်မှုပြုထားသဖြင့်  အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရေးအတွက်  ဆက်စပ်ဝန်ကြီးဌာန များနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၏  လက်ရှိ တွေ့ကြုံနေရသည့်  အခက်အခဲများကို   သိရှိမှသာ မှန်ကန်သောမူဝါဒများနှင့် ဆက်လက်ဆောင်ရွက် မည့်   ရှေ့လုပ်ငန်းစဉ်များကို   ချမှတ်နိုင်မည်ဖြစ် ကြောင်း မှာကြားသည်။


ဝိုင်းဝန်းအကြံပြုဆွေးနွေး


ထို့နောက် တက်ရောက်သူများက ရပ်နားထား သည့် စက်ရုံ၊   အလုပ်ရုံများ    အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  စက်မှု ဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ၊    အလုပ်အမှု ဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး အသင်း၏ မူဝါဒ၊ ရည်ရွယ်ချက်နှင့်    လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြရာ ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်  ပေးနိုင်ရေးအခြေအနေများကို  ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။                

     သတင်းစဉ်