နေပြည်တော် ဇွန် ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနိုင်ရေးအတွက် Geographic Information System (GIS) နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း နှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းအတွက် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်း ဆောင် ရွက်မည့် သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဗဟိုသန်းခေါင်စာရင်း ကော် မရှင် တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် က အမှာစကားပြောကြားရာတွင် မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်း ကောက်ကွက်များ ဖွဲ့စည်းခြင်း သည် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် အချိန်အကြာဆုံး နှင့် လူအင်အား၊ ငွေအင်အား အများဆုံးသုံးရသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူရာတွင် ရှိပြီးသည့် တည်နေရာ Point များကို အတည်ပြုရန်နှင့် မရှိသေးသည့် တည်နေရာ Point များကို ရယူရန်ဖြစ်ကြောင်း၊ ယခု သင်တန်း တက်ရောက်သည့် သင်တန်းသား အရာရှိများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆင့်ပွား သင်တန်းများ ပြန်လည်ပြုလုပ် ပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များ ကောက်ယူရာတွင် မှန်ကန်အောင် ကြီးကြပ်ပေးရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအတွက် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်း အောင် မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်



