
ရပ်စောက် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ရပ် စောက်မြို့နယ် ဗထူးကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်း သွားလာကြမည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၂၂ ရက်က ဆောင်ရွက်သည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ကြပြီး ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်း သွားလာကြသည့် ပြည်သူ ၅၀၀ အား စစ်ဆေးပေးခဲ့ရာ ၁၈ ဦးတွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိရ၍ ယင်းပိုးတွေ့လူနာများအား တာဝန် ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ကုသ ပေးထားကြောင်း သိရသည်။
ရပ်စောက် မြို့နယ်တွင် အောက်တိုဘာ ၂၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည် ပြုလူနာစုစုပေါင်း ၂၈၃၃ ဦးရှိပြီး ပိုးကင်းစင်၍ ပြန်လည်ကျန်းမာ လာသူ ၂၃၉၂ ဦး၊ ဆေးကုသမှုခံ ယူနေဆဲ ၃၈၈ ဦးနှင့် သေဆုံးလူနာ ၅၃ ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)