
ရပ်စောက် ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ပင်ဖြစ်ကျေးရွာရှိ ရောင်ခြည်ဦးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်သည် လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ စပါးသီးနှံ အခြောက်ခံစက်ကြီးများဖြင့် အသင်းသား တောင်သူများ၏ စပါးသီးနှံများကို အခြောက်ခံခြင်း လုပ်ငန်းဆောင်ရွက် ပေးလျက်ရှိပြီး ဒေသခံတောင်သူများ၏ စပါးသီးနှံများ ကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်