ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမအသင်းလီမိတက်က အသင်းသားပြည်သူများအား စုဆောင်းငွေပေါ်အတိုးများ ထုတ်ပေး

 

ရပ်စောက်    ဒီဇင်ဘာ    ၅ 


ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ မြို့မဈေး သမဝါယမ အသင်းလီမိတက်မှ  အသင်းသားပြည်သူများသို့   စုဆောင်းငွေပေါ် အတိုးထုတ်ပေးခြင်းအခမ်းအနားကို  ဒီဇင်ဘာ ၁ ရက်က   အဆိုပါ အသင်းရုံးခန်း၌ ကျင်းပရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လအတွက် စုဆောင်းငွေပေါ်အတိုးကျပ် ၁၄၀ ဒသမ ၁၈ သိန်း အား အသင်းသား ၅၅၁ ဦးသို့ အသင်းဒါရိုက်တာအဖွဲ့မှ အသင်းသားများ လက်ဝယ်အရောက်ထုတ်ပေးခဲ့ပြီး အသင်းဒါရိုက်တာအဖွဲ့နှင့် ဝန်ထမ်း များစည်းလုံးမှု၊ ကြိုးစားဆောင်ရွက်မှုများနှင့် အသင်း၏ငွေစုငွေချေး လုပ်ငန်းများ တိုးတက်အောင်မြင်၍ အသင်းသားပြည်သူများ၏ အကျိုး ခံစားခွင့်များရရှိကြောင်း သိရသည်။                            

 သတင်းစဉ်