ရပ်စောက်မြို့နယ် လွယ်ကိုးကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

 

ရပ်စောက်   ဩဂုတ်   ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း  တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်  လူမှု ဝန်ထမ်းဦးစီးဌာနမှ  ကိုယ်ဝန်ဆောင်မိခင်နှင့်  အသက်နှစ်နှစ်အောက် ကလေးငယ်များအား  ထောက်ပံ့ရေးအစီအစဉ်  (MCCT) အရ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်အတွက်  ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက လွယ်ကိုးကျေးရွာအုပ်စု ပါပင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်သည်။

 


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု  ၂၆  အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် ၁၅၁၆  ဦးနှင့်   အသက်နှစ်နှစ် အောက် ကလေးငယ်  ၃၃၂၀ အတွက်  ထောက်ပံ့ငွေကျပ် ၂၀၆၈၃၅၀၀၀ ကို  ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်လျက် ရှိရာ        ယနေ့နံနက်ပိုင်းတွင်    လွယ်ကိုးကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၃၃ ဦးနှင့် အသက်နှစ်နှစ်အောက် ကလေးငယ် ၄၁   ဦးကို   ထောက်ပံ့ငွေကျပ်   ၃၁၅၀၀၀၀   ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းနှင့်   ကျန်ရှိနေသေးသည့်   ရပ်ကွက်၊    ကျေးရွာအုပ်စုများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ရပ်ကွက်၊    ကျေးရွာများအရောက်    ကွင်းဆင်းထောက်ပံ့ပေးမည် ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


ရဲထက်ဦး(ပြန်/ဆက်)