
နေပြည်တော် ဒီဇင်ဘာ ၁
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ်ပါမောက္ခချုပ် အောက်စ်ဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာအရှင် ဓမ္မသာမိ D.Phil (Oxford, UK)နှင့် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော် အရှင်ဓမ္မ သာမိက အတိတ်အနာအဆာများ ကုစားရာတွင် ရန်ကုန်တက္ကသိုလ်၏ အရေးပါသော အခန်းကဏ္ဍ (Yangon University can Lead in the Nati- on’s Healing the Past) ခေါင်းစဉ်ဖြင့် သာဓုအနုမောဒနာတရား ဟောကြား ချီးမြှင့်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်း မော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ၊ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန် ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်တရားနာယူ ကြသည်။
ယင်းနောက် အောက်စ်ဖို့ဒ် ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိနှင့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်