
ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ် လှေလှော်ပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အင်းလျားကန်၌ ကျင်းပသည်။
ဆုပေးပွဲတွင် အမျိုးသားမီတာ ၁၀၀၀ ငါးမြွေထိုး လှေ ငါးယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော လက်ရွေးစင်ဟောင်းများ (က) အသင်းမှ ထွန်းနိုင်နိုင် နှင့်အဖွဲ့၊ ဒုတိယဆုရရှိသော လက်ရွေးစင်ဟောင်းများ (ခ) အသင်းမှ ကျော်ဇောအေးနှင့် အဖွဲ့၊ တတိယဆု ရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် (က)အသင်း မှ စိုင်းဖြိုးကျော်နှင့်အဖွဲ့တို့ကို ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူး ဦးမိုးကျော်လွင်က လည်းကောင်း။
အမျိုးသမီး မီတာ ၁၀၀၀ (Dragon Boat) ခြောက်ယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော မအေးအေးသိန်းနှင့် မမာန်ဟွဲ့ဖောင်တို့အဖွဲ့၊ ဒုတိယ ဆုရရှိသော မလှလှထွေးနှင့် မသီတာဦးတို့အဖွဲ့၊ တတိယဆုရရှိသော မစန္ဒာရွှေနှင့် မချစ်ဖူးငုံတို့အဖွဲ့ ကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအုန်းမြင့်က လည်းကောင်း။
အမျိုးသား မီတာ ၁၀၀၀ (Dragon Boat) ခြောက်ယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် (က)အသင်းမှ စိုင်းဖြိုး ကျော်နှင့်အဖွဲ့၊ ဒုတိယဆုရရှိသော မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် (ခ) အသင်းမှ ထူးထူးအောင်နှင့် အဖွဲ့၊ တတိယဆုရရှိသော လက်ရွေးစင်ဟောင်းများ (က)အသင်းမှ စိုင်းစံဟိန်းနှင့်အဖွဲ့တို့ကို မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေသိန်းက လည်းကောင်း။
အမျိုးသမီး မီတာ ၁၀၀၀ ငါးမြွေထိုးလှေ ငါးယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော မစန္ဒာ ရွှေနှင့်အဖွဲ့၊ ဒုတိယဆုရရှိသော မလင်းလင်းကျော်နှင့် အဖွဲ့၊ တတိယဆုရရှိသော မအေးအေးသိန်းနှင့် အဖွဲ့ တို့ကို Golden Inyar Restaurant ဦးနေလင်းနှင့် ဦးဇာနည်တို့ကလည်းကောင်း။
အမျိုးသား မီတာ ၁၀၀၀ အပြည်ပြည်ဆိုင်ရာ လှေ နှစ်တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဝေယံမိုးနှင့် ဂေါ်မူးသတို့အဖွဲ့၊ ဒုတိယဆုရရှိသော အောင်မျိုးထွန်းနှင့် ရဝေထွန်းတို့အဖွဲ့၊ တတိယဆု ရရှိသော ဇော်မျိုးသူနှင့် နေမျိုးလှိုင်တို့အဖွဲ့တို့ကို အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ညွှန်ကြား ရေးမှူး ဦးအောင်နိုင်ဆွေက လည်းကောင်း။
အမျိုးသား မီတာ ၁၀၀၀ (Dragon Boat) ၁၂ ယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော လက်ရွေး စင်ဟောင်းများ (က) အသင်းမှ ဒုတိယဆုရရှိသော မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် (က) အသင်းတို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်