ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ဒေါပုံမြို့နယ်အတွင်း ဝမ်းပျက်၊ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်    ဇူလိုင်    ၁၇
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊      ကျန်းမာရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး  ပါမောက္ခ  ဒေါက်တာ အေးထွန်းနှင့်   တာဝန်ရှိသူများသည်   ယမန်နေ့ မွန်းလွဲပိုင်းက    ဒေါပုံမြို့နယ်အတွင်း    ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်     ရပ်ကွက်ပေါင်း   ၁၄ ရပ်ကွက်တွင် ၁၄ ဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက် နေမှုများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးက  ဖွဲ့စည်းထားရှိသည့် ၁၄ ဖွဲ့နှင့် ရောဂါဖြစ်ပွားသည့်  ရပ်ကွက်အတွင်း     ကာကွယ် ထိန်းချုပ်‌ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ များကိုလည်းကောင်း၊  တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်များကို      လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ‌ဆေးရုံတွင်ကုသမှု ပေးနေသည့်အခြေအနေများနှင့်      ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်း များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်က  ရပ်ကွက်အလိုက် ဆေးခန်းများထားရှိပြီး  ဖွဲ့စည်း ထားသည့်အဖွဲ့များဖြင့်    ချိတ်ဆက်ဆောင်ရွက်ရန်၊ တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်     ဝမ်းပျက်၊    ဝမ်းလျှောဖြစ်ပွားခဲ့သော ဇေယျာသီရိရပ်ကွက်ရှိ ဇေယျာသီရိ(၂)လမ်းနေအိမ် နှင့် သင်္ဘောကျင်းရပ်ကွက် အမှတ်(၆၃)  နေအိမ်သို့ သွားရောက်၍ ရေအသုံးပြုမှုနှင့် အိမ်သာအသုံးပြုမှု စနစ်တို့ကိုလည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက် မှုပေးနေသည့်    အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ အဆိုပါမြို့နယ်တွင် ရပ်ကွက် ပေါင်း ၁၄ ရပ်ကွက်ရှိပြီး ရပ်ကွက်ပေါင်း ရှစ်ရပ်ကွက် ၌ ဖြစ်ပွားသူ ၄၉ ဦး ရှိကြောင်းနှင့် ၁၆ ဦးမှာ ပြန်လည် ကောင်းမွန်၍     ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း သိရသည်။                  

ဆန်းကျော်ဦး(ပြန်/ဆက်)