
ရန်ကုန် ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းကော်မတီအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်း အနားကို လွတ်လပ်ရေးနေ့ ဦးတည်ချက်များနှင့်အညီ ကျင်းပ နိုင်ရေး လုပ်ငန်းကော်မတီ အသီးသီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်အလံ တင်ခြင်း၊ နိုင်ငံတော်အလံ အလေး ပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြား သည့် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ၊ အခမ်းအနား မွမ်းမံပြင်ဆင်ရေး၊ ဖိတ် ကြားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆို နေရာချထားရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးနှင့် လုံခြုံရေးလုပ်ငန်း ကော်မတီများမှ ကော်မတီ အလိုက်လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တက်ရောက်လာသည့် တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အထွေထွေ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဝန်ကြီးချုပ်က (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားအား ကိုဗစ် - ၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေ ရေး ကျန်းမာရေးဝန်ကြီးဌာန ၏ စည်းကမ်းချက်များနှင့်အညီ ဂရုပြုဆောင်ရွက်ကြရန် နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး
(ပြန် /ဆက်)