
ရန်ကုန် ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူး ဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ်ရှိ အမှတ် (၁)အခြေခံပညာ အထက် တန်းကျောင်းတွင်လည်း ဒီဇင်ဘာ ၂၄ ရက် မွန်းတည့် ၁၂နာရီက မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒ နှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲ နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို စတင်ကျင်းပခဲ့ရာ သံသရာလမ်းညွှန် အဘိဓမ္မာသင်တန်းမှ သင်တန်း သား သင်တန်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆို ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရအဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပနေမှု အခြေအနေများအား မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာ ကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို အဆင့် (၃)ဆင့် သတ်မှတ်၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ပထမအဆင့် စာမေးပွဲ များကို ကျင်းပခဲ့ရာ အဘိဓမ္မာစာမေးပွဲ(ပထမအဆင့်) ဖြေဆိုသူ ၂၁ ဦး၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာ ကျော်) စာမေးပွဲ (ပထမအဆင့်) ဖြေဆိုသူနှစ်ဦး စုစုပေါင်း ၂၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒုတိယ အဆင့်နှင့် တတိယအဆင့်စာမေးပွဲများကိုလည်း ဒီဇင်ဘာ ၂၅ ရက်နှင့် ဒီဇင်ဘာ ၂၆ ရက်တို့တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)