ရန်ကုန်တိုင်းဒေသကြီးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့်ပန်းချီ ပြိုင်ပွဲများကျင်းပ

 

 

ရန်ကုန်     ဒီဇင်ဘာ     ၂၉


ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  တိုင်းဒေသကြီးအဆင့်   စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့်ပန်းချီပြိုင်ပွဲများကို  ယမန်နေ့က လသာမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း  မြနီလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့  ဥပဒေချုပ် ဦးဌေးအောင်က       မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးဆိုင်ရာများကိုသိရှိနားလည်ပြီး   ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်ကာ နောင်တစ်ချိန်တွင် နိုင်ငံတော် က အားထားရသည့် လူချွန်လူကောင်းများ ဖြစ်လာ စေရေးကြိုးစားကြရန် ပြောကြားသည်။

 


ဆက်လက်၍ ခရိုင်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိ သူများအား တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်း ဒေသကြီး ဥပဒေချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး  ပညာရေးတက္ကသိုလ်  လေ့ကျင့်ရေး အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များအား တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက   အလှူငွေကျပ် ငါးသိန်း   ပေးအပ် လှူဒါန်းသည်။

 


ပြိုင်ပွဲများသို့ တိုင်းဒေသကြီးအတွင်းရှိ အထက် တန်းကျောင်း ၄ဝ၈ ကျောင်း၊ အလယ်တန်းကျောင်း ၆၆၂ ကျောင်းနှင့် မူလတန်းကျောင်း ၁၆၈၈ ကျောင်း တို့မှ ကျောင်းသား ကျောင်းသူ   စုစုပေါင်း ၁ဝဝ ပါဝင်ယှဉ်ပြိုင်ကြပြီး   ၎င်းတို့၏   ယှဉ်ပြိုင်နေမှုများကို  တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းပညာ ရေးမှူးနှင့်  တာဝန်ရှိသူများက  လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး ဆုရရှိသူများအား    ဒီဇင်ဘာ  ၃၁  ရက်တွင်  အလုံမြို့နယ်ရှိ   အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌  အခမ်းအနား ဖြင့်   ဆုများကို   ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း   သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)