ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၃၁၉ ဦးရှိ

 

ရန်ကုန်   အောက်တိုဘာ   ၂၀


ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ် ဇန်နဝါရီမှ     စက်တင်ဘာလအထိ  ယာဉ်တိုက်မှု ၆၄ မှု၊ ဒဏ်ရာရမှု ၆၅၇ မှု၊ သေဆုံးသူ ၃၁၉ ဦး ရှိခဲ့ ကြောင်း  တိုင်းဒေသသကြီး ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း ရေးကောင်စီနှင့်  ဆပ်ကော်မတီ လေးခုတို့၏     အောက်တိုဘာ ၁၇  ရက်က ပြုလုပ်သည့်    ညှိနှိုင်း အစည်းအဝေးမှ သိရသည်။


တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌  ကျင်းပခဲ့သည့် ယင်းအစည်းအဝေးတွင်    ရန်ကုန် တိုင်းဒေသကြီး   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်    ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက Yangon Road   Safety  Committee (YRSC)မှ တာဝန်ရှိသူများ အနေ ဖြင့် Road Safety  ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင် ရေးအတွက်   ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို    သိရှိ ကျွမ်းကျင်သော ယာဉ်မောင်းများ ကိုသာ ယာဉ်မောင်းလိုင်စင်ထုတ် ပေးရေး၊   စည်းကမ်းဖောက်ဖျက် သော ယာဉ်မောင်းများနှင့် လမ်း အသုံးပြုသူများကို   အမြဲမပြတ် စစ်ဆေးအရေးယူရေး၊ ယာဉ်တိုက် မှုကျူးလွန်သည့်  အပြစ်ရှိသူများ ကို တရားဥပဒေအရ  ထိရောက် သည့်ပြစ်ဒဏ်များ   ချမှတ်ရေး၊ National Road Safety Com-mittee (NRSC) မှ (YRSC) နှင့် ပတ်သက်သည့်   ညွှန်ကြားချက် များ၊ အစည်းအဝေးဆုံးဖြတ်ချက် များ၊ သက်ဆိုင်သော လုပ်ငန်းများ ကို  လက်အောက်ခံ ဆပ်ကော်မတီ များနှင့် ခရိုင် RSO များက သတ်မှတ် ကာလအတွင်း   ပြီးစီးအောင်   အကောင်အထည်ဖော်ဆောင်ရွက် ကြရန်    လိုအပ်ကြောင်း၊     ယာဉ် မတော်တဆမှု    မဖြစ်ပွားစေရေး အတွက်       ယာဉ်မောင်းများ၏ ကျွမ်းကျင်မှု၊ ယာဉ်များ၏ကြံ့ခိုင်မှု၊ တာဝန်ရှိသူများ၏       ကြိုတင် စစ်ဆေးအရေးယူမှု၊ ပတ်ဝန်းကျင် အနေအထား၊ လမ်းတည်ဆောက်ပုံ အနေအထား၊    လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက် ပြများကို    ပြည့်စုံမှန်ကန်စွာ   တပ်ဆင်ထားမှုတို့သည် မဖြစ်ခင် ကြိုတင်ကာကွယ်ရာရောက်သည့် အတွက်     သက်ဆိုင်ရာ    ဌာန အဖွဲ့အစည်းများက   စနစ်တကျ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် နှင့်     သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအနေဖြင့်  ယာဉ် တိုက်မှုများ၊      ဒဏ်ရာရမှုများ၊ သေဆုံးမှုများ    အမှန်တကယ် လျော့ကျသွားအောင်    ဆောင်ရွက် ကြရန် ပြောကြားသည်။


ထို့နောက်   တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေး မှူး ဦးသိန်းထွဋ်က ပြီးစီးခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များ နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ကို ရှင်းလင်းတင်ပြပြီး    စီမံခန့်ခွဲ ရေး ဆပ်ကော်မတီ၊   ပညာပေး  ရေးနှင့်   စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ၊ သုတေသနပြုရေး နှင့် ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး    ဆပ်ကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌများနှင့်   တာဝန် ရှိသူများက  ရန်ကုန်တိုင်းဒေသကြီး အတွင်း  ယာဉ်အန္တရာယ်၊   လမ်း အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက် နေမှုများနှင့် ဆောင်ရွက်မည့် အစီ အစဉ်များ ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မော်တော်ဆိုင်ကယ်၊ တက္ကစီ၊   ကုန်တင်ယာဉ်၊   YBS နှင့် လူစီးမော်တော်ယာဉ်များကို ဦးတည်အုပ်စုအဖြစ်   ပညာပေး လုပ်ငန်းများဆောင်ရွက်ပြီး NRSC ၏ ရည်မှန်းချက်များ၊   Action Plan ပါ လုပ်ငန်းစဉ်များ၊ Quick-Win  အစီအမံများ၊    နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များ ကို YRSC အဖွဲ့ဝင်များက စဉ်ဆက် မပြတ်    အလေးထားကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် ပြောကြားခဲ့သည်။


ဆန်းကျော်ဦး(ပြန်/ဆက်)