ရန်ကုန်တိုင်းဒေသကြီး၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉  ကာကွယ်ဆေးစတင်ထိုးနှံ

 

ရန်ကုန်  အောက်တိုဘာ  ၁၇


ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုး​နှံပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူခွင့် အခွင့် အလမ်းများ ရရှိစေကာ ရောဂါ ကူးစက်မှုများကိုလည်း ကာကွယ်နိုင်စေရေး ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ   အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ယနေ့ နံနက်ပိုင်းမှ စတင်၍  ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
 

ယနေ့နံနက်ပိုင်းတွင်   အခြေခံ ပညာ     အထက်တန်းကျောင်း၊  အခြေခံပညာ အလယ်တန်းကျောင်း စုစုပေါင်း ကျောင်း ၁၆ ကျောင်း တို့မှ  ကျောင်းသား ကျောင်းသူများ အား   ကာကွယ်ဆေးထိုးနှံပေးခြင်း များကို   ရန်ကုန်တိုင်းဒေသကြီး       ဝန်ကြီးချုပ် ဦးလှစိုးနှင့်  ဝန်ကြီး များ၊   ဌာနဆိုင်ရာ   တာဝန်ရှိသူ များက     လိုက်လံကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး သည်။

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင် ၈ ရက်က   ကျောင်းအပ် သည့် စာရင်းအရ ကျောင်းသား ကျောင်းသူ ၆၈၅၅၈ ဦးကို ဆီနို ဖမ်း  ကိုဗစ်-၁၉   ကာကွယ်ဆေး ပထမအကြိမ်    ထိုးနှံခြင်းဖြစ်ပြီး ကျန်ရှိနေသော အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ များကိုလည်း    ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 


ကာကွယ်ဆေးထိုးနှံပေးသည့် နေရာများ၌  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက်   လက်ဆေး စေခြင်း၊    နှာခေါင်းစည်းများ ဝေငှခြင်းတို့ ဆောင်ရွက်ထားပြီး အရေးပေါ်   ကျန်းမာရေးစောင့် ရှောက်မှုများ လိုအပ်ပါက ကုသ ပေးနိုင်ရေးနှင့်        ဆေးထိုးပြီး ၂၄ နာရီအတွင်း    တစ်စုံတစ်ရာ ထူးခြားမှုရှိပါက       ချက်ချင်း သတင်းပေးပို့  အကြောင်းကြား နိုင်ရန် ဆောင်ရွက်ထားကြောင်း   သိရသည်။


ဆန်းကျော်ဦး 
(ပြန် /ဆက်)