
ရန်ကုန် နိုဝင်ဘာ ၁၃
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဌာနအဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှုကို နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့သည်။
ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံ မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့၏ ဘဏ် လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှု စစ်ဆေးရာ ဦးဆောင်ညွှန်ကြား ရေးမှူးများက လုပ်ငန်းဆောင် ရွက်မှု အခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ့ စီးပွားရေးဘဏ်၊ တိုင်းဒေသကြီး ရုံးနှင့် ဘဏ်ခွဲများ၏ ဘဏ် လုပ်ငန်းဆောင်ရွက်နေမှု၊ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုကို စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၏ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဘဏ် လုပ်ငန်း ဝန်ဆောင်မှုများကို သွားရောက်စစ်ဆေးသည်။
နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာနနှင့် မြန်မာ့အာမခံ လုပ်ငန်းတို့၏ လုပ်ငန်းဆောင် ရွက်မှုကို စစ်ဆေးကြပ်မတ်၍ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်၏ အစိုးရ၊ ပုဂ္ဂလိက နိုင်ငံခြားဘဏ် လုပ်ငန်းများကို ဆက်လက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ် အတွင်း ယာယီကန့်သတ်ထား ရသည့် ငွေထုတ်ကန့်သတ်ချက် ဘောင်အတွင်း ဘဏ်နှင့် ဆက်သွယ်သူ ပြည်သူများ တတ်နိုင်သမျှ အဆင်ပြေရေးနှင့် မျှမျှတတဖြစ်ရန် ဆောင်ရွက် ပေးရေး၊ အဂတိတရားကင်းရှင်း ရေး၊ ရသင့်ရထိုက်သည့် အခွန် အကောက်များ ပြည့်ဝစွာ ကောက်ခံရရှိရေး၊ online ဖြင့် အခွန်ပေးဆောင်မှုများ အဆင်ပြေ အောင် အခွန်ဌာနနှင့် ဘဏ်တို့ ညှိနှိုင်းဆောင်ရွက်ရေး၊ အာမခံ လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်း များ၊ နိုင်ငံခြားအာမခံကုမ္ပဏီများနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရေး၊ ဝန်ထမ်းများ နိုင်ငံတော်အပေါ် သစ္စာရှိရေး၊ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအား ဆက်လက် လိုက်နာရေးတို့ကို ဆွေးနွေးမှာကြား၍ ဌာန အသီးသီး၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်