
(၁၇-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာ များဖြင့် လူနာအချို့ဆေးရုံတက်ရောက်မှုများ နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၆-၇-၂၀၂၄) ရက် နေ့၊ ညနေ (၆:၀၀)နာရီမှ (၁၇-၇-၂၀၂၄)ရက် နေ့၊ ညနေ (၆:၀၀)နာရီအထိ (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာသစ် (၆၇)ဦးရှိခဲ့ ပြီး ၎င်းတို့အနက် (၃)ဦးမှာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများ ဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေ မှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၁၇-၇-၂၀၂၄)ရက်နေ့တွင် ရောဂါသက်သာပျောက်ကင်းသည့် လူနာ (၈၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် (၁၇-၇-၂၀၂၄)ရက်နေ့၊ ညနေ (၆:၀၀)နာရီ အထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ခဲ့သော လူနာစုစုပေါင်း (၇၉၂)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန