ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း


(၁၆-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ        မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ    လက္ခဏာများဖြင့်   လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာန၏  အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏    ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့်    ကွင်းဆင်း အဖွဲ့များသည်   ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၅-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀)နာရီမှ  (၁၆-၇-၂၀၂၄) ရက်နေ့၊  ညနေ  (၆:၀၀)  နာရီ အထိ (၂၄) နာရီအတွင်း  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင်     ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့်      ဆေးရုံ တက်ရောက်ကုသသူ  လူနာသစ်  (၇၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၅)   ဦးမှာ    ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ    ဖြစ်ပွားသူ      လူနာများဖြစ်ကြောင်းနှင့်  လူနာအားလုံး၏ အခြေအနေမှာ   သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၁၆-၇-၂၀၂၄)   ရက်နေ့တွင်   ရောဂါသက်သာပျောက်ကင်းသည့်       လူနာ (၉၂) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် (၁၆-၇-၂၀၂၄)  ရက်နေ့၊ ညနေ (၆:၀၀) နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြင့် ဆေးရုံတက်ရောက်ခဲ့သောလူနာစုစုပေါင်း  (၇၀၅)  ဦး အား   ဆေးရုံမှ   ဆင်းခွင့်ပြုခဲ့ပြီး  ဖြစ်ပါသည်။   ရန်ကုန်တိုင်း ဒေသကြီးအတွင်း     ဝမ်းပျက်ဝမ်းလျှောရောဂါ     ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား     ဆက်လက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန