
နေပြည်တော် ဇန်နဝါရီ ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) တည်ဆောက်နေသည့် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတား တည်ဆောက်ရေးတာဝန်ခံနှင့် တံတားဦးစီးဌာန
စီမံကိန်းတာဝန်ခံအင်ဂျင်နီယာချုပ်တို့က လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း ရေး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများ စီမံချက်အတိုင်း သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊
စံချိန်စံညွှန်းပြည့်မီရေးတို့ကို အထူးဂရုပြု ဆောင်ရွက် ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒလတံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်း ဆောင်သို့ရောက်ရှိပြီး တံတားကြီးအချိန်မီပြီးစီး ရေးအတွက် တာဝန်ယူဆောင်ရွက်သော ကုမ္ပဏီ များအနေဖြင့် လုပ်ငန်းစီမံချက်အတိုင်း ဆောင်ရွက် ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်း ကြန့်ကြာမှုအပေါ် ထိခိုက်မှုကို ပြန်လည်အစားထိုး မည့် စီမံချက် ကြိုတင်ရေးဆွဲထားရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကို အထူးဂရုပြုဆောင်ရွက်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒလမြစ်ကူးတံတားတည်ဆောက်နေသည့် လုပ်ငန်း ခွင်၌ ရေလည်တိုင်ဘိုးပိုင်များ ၊ ဆင်ခြေလျှောတံတား ဘိုးပိုင်များပြီးစီးမှုနှင့် ဒလဘက်ခြမ်း ချဉ်းကပ် တံတား ဘိုးပိုင်များ ဆက်လက်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဒလတံတားသည် စုစုပေါင်းအရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတားခံနိုင်ဝန် ၇၅ တန် ဖြစ်ကြောင်း၊ စုစုပေါင်းပြီးစီးမှု ၂၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)သို့ ရောက်ရှိပြီး အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ တာဝန်ထမ်းဆောင် ကြရန် လိုအပ်ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းကြ ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန် မှာကြားသည်။
ဆက်လက်၍ ရန်ကုန်မြောက်ပိုင်းခရိုင် Max Myanmar B.O.T Company မှ ဆောင်ရွက်နေသည့် အမှတ် (၃)လမ်းမကြီး မိုင်တိုင် (၀/၀ - ၉/၂) အတွင်း လမ်းတိုးချဲ့နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များကို သတ်မှတ်စည်းကမ်း အတိုင်း လိုက်နာရေး စီမံဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်