ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများတွင် ဆေးဝါးကုသမှုခံယူနေကြသည့် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိ

 

ရန်ကုန်   မတ်    ၈


ယနေ့သည်     တစ်နိုင်ငံလုံးရှိ ကျောင်းသား    ကျောင်းသူများ ၂၀၂၂-၂၀၂၃   ခုနှစ်   ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို      တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်း များ၌ စတင်ဖြေဆိုသောနေ့ ဖြစ်သည်။ 

 


ပညာရေးဝန်ကြီးဌာန      နှင့်  ကျန်းမာရေးဝန်ကြီးဌာန     တို့ ပူးပေါင်း၍ သတ်မှတ်စာဖြေဌာန များသို့ လာရောက်ဖြေဆိုနိုင်ခြင်း မရှိသည့် ဆေးဝါးကုသမှုခံယူနေ ကြသည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊    မြောက်ဥက္က လာပ      အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊     ဗဟို အမျိုးသမီးဆေးရုံကြီး၊  ဝေဘာဂီ အထူးကု          ဆေးရုံကြီးတို့၌ ကျောင်းသား    ကျောင်းသူများ အတွက် စာဖြေဌာနများကိုဖွင့်လှစ် ပေးထားသည်။

 


ရန်ကုန်တိုင်းဒေသကြီး   တွင် ဆေးရုံကြီး          စာဖြေဌာနများ ဖွင့်လှစ်ထားမှုနှင့်   စပ်လျဉ်း၍ လသာမြို့နယ် အမှတ် (၁) အခြေခံ ပညာ       အထက်တန်းကျောင်း (လသာ) မှ ကျောင်းအုပ်ဆရာကြီး  ဦးခင်မောင်ဝင်း  က  “ဆရာကြီးရဲ့ မူလတာဝန်ကတော့ အထက(၁) လသာကပါ။   အခု   ၂၀၂၂-၂၀၂၃ ပညာသင်နှစ်      တက္ကသိုလ်ဝင် စာမေးပွဲအတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး စာဖြေဌာနမှာကြီးကြပ် ရေးမှူး     တာဝန်ယူရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အရေးပေါ်လူနာ၊     ဖျားနာလူနာ ကျောင်းသား      ကျောင်းသူတွေ စာမေးပွဲ       ဖြေဆိုနိုင်ဖို့အတွက် ခုတင် ၁၀ လုံး၊ စာဖြေဆိုသူများ ထိုင်ဖို့    ထိုင်ခုံ   ၁၂   လုံး    စီစဉ် ဆောင်ရွက်ထားပါတယ်။ ဒီကြား ထဲမှာမှ ကူးစက်လူနာ ပေါ်လာရင်  သီးသန့်ခန်းကိုလည်း စီစဉ်ထားပါ တယ်။  ဒီနေ့  မြန်မာစာဖြေဆိုမှာ ကတော့  ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့  ဗဟန်းမြို့နယ်      ပြင်ပဖြေဆိုသူ ကျောင်းသူ    တစ်ဦးနဲ့      မင်္ဂလာ တောင်ညွန့်မြို့နယ်က ကျောင်းသူ တစ်ဦးတို့   ဖြစ်ပါတယ်။   ဗဟန်း မြို့နယ်က       ကျောင်းသူတစ်ဦး ကတော့ ဖျားနာပြီး သွေးယိုစိမ့်မှု  ရောဂါကုသနေရတယ်။   မင်္ဂလာ  တောင်ညွန့်မြို့နယ်က       ပြင်ပ ဖြေဆိုမယ့်    ကျောင်းသူတစ်ဦး ကတော့    အူအတက်ရောင်လို့ မနေ့ကမှ    ခွဲစိတ်ထားသူဖြစ်ပြီး ကြိုးစားပြီး ကိုယ်တိုင်ဖြေဆိုကြည့် မယ်။   မဖြေနိုင်ရင်   လူစားဖြေဆို မှာဖြစ်ပါတယ်။ လူစားဖြေဆိုမယ့်  ကလေးတွေကိုလည်း အဆင်သင့် ခေါ်ထားပေးပါတယ်။     ရန်ကုန် ပြည်သူ့ဆေးရုံကြီး    စာဖြေဌာန မှာ   အတွင်းစည်း   ကြီးကြပ်သူ ဆရာကြီးအပါအဝင်    ဆရာကြီး ကျောင်းက ဆရာမ ၁၂ ဦး၊ လသာ မြို့နယ်ကျောင်းတွေက    ဆရာ ဆရာမ  ငါးဦးက မေးခွန်းဖောက် တာတွေ၊    မေးခွန်းဝေတာတွေ၊ စာဖြေလွှာ     သိမ်းတာတွေကို ဆောင်ရွက်ကြမှာ    ဖြစ်ပါတယ်။ အပြင်စည်းကိုတော့  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က     တာဝန်ယူဆောင် ရွက်သွားပါမယ်။    ဆရာကြီးတို့ အတွင်းစည်းကတော့ မြန်မာနိုင်ငံ စာစစ်ဌာနက သတ်မှတ်ထားတဲ့ အတိုင်း        အင်အားအပြည့်နဲ့    ဆောင်ရွက်ထားပါတယ်”        ဟု ဆိုသည်။

 


‘‘အခု    ၂၀၂၂-၂၀၂၃    ပညာ သင်နှစ်ဟာ စနစ်ဟောင်းဖြေဆိုတဲ့  နောက်ဆုံးနှစ်    ဖြစ်တာကြောင့်  တက္ကသိုလ်ဝင်  စာမေးပွဲဖြေဆိုဖို့         သင်ယူထားကြတဲ့ ကျောင်းသား    ကျောင်းသူတွေ  အားလုံးဖြေဆို စေချင်ပါတယ်။     ဆရာကြီးတို့ အနေနဲ့ ကျောင်းသား၊    ကျောင်းသူ တွေ အားလုံးဖြေဆိုနိုင်ဖို့အတွက်        တရားနည်းလမ်းကျစွာ၊     မျှတ စွာ   အစွမ်းကုန်    ကူညီပေးသွား ပါမယ်”     ဟု      လသာမြို့နယ် အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်းမှ        ကျောင်းအုပ် ဆရာကြီး      ဦးခင်မောင်ဝင်းက ပြောသည်။

 


ရန်ကုန်တိုင်း         ဒေသကြီး အတွင်းရှိ ဆေးရုံကြီးစာဖြေဌာန များတွင် တက္ကသိုလ်ဝင် စာမေးပွဲ  ဖြေဆိုကြမည့်    ကျောင်းသား ကျောင်းသူများမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင်   နှစ်ဦး၊   မြောက် ဥက္ကလာပ ဆေးရုံကြီးတွင်  နှစ်ဦး၊ စုစုပေါင်း     လေးဦးဖြစ်ကြောင်း သိရသည်။   


ကိုကိုဇော်(MNA)