ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး


 

ရန်ကုန်   အောက်တိုဘာ   ၁၈


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ      အခြေခံပညာ ကျောင်းစုရပ်များ၌   အသက်  ၁၂  နှစ်နှင့်အထက်  ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်    ဆရာစံရပ်ကွက်    ကမ္ဘာအေး ဘုရားလမ်းရှိ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်း နန်ယန်စုရပ်၌ ဗဟန်းမြို့နယ်အတွင်းရှိ  အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်း များမှ    ကျောင်းသား   ကျောင်းသူများ    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ် ဆေး     လာရောက်ထိုးနှံကြသော     ကျောင်းသား ကျောင်းသူများအား ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းပေး ခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ကျောင်းသား  ကျောင်းသူများအား  ကိုဗစ်-၁၉  ရောဂါ ကာကွယ် ဆေးထိုးနှံပေးကြသည်။
ကာကွယ်ဆေးထိုးနှံပေး
အလားတူ ဒဂုံမြို့နယ် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း  (မြို့မ)စုရပ်တွင်  မြို့နယ် အတွင်းရှိ    အခြေခံပညာ     အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်း၊ အခြေခံကျောင်းများမှ  ကျောင်းသား   ကျောင်းသူများအား    လည်းကောင်း၊ ကမာရွတ်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်းစုရပ်တွင် မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊   လှိုင်မြို့နယ် ရန်ကုန်ယူနိုက်တက်   ဘောလုံးကွင်းရှိ   အားကစား ခန်းမတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက် တန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း စုစုပေါင်း  ကျောင်း  ၁၆  ကျောင်းမှ  ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်  အမှတ် (၃)     အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) ကျောင်း  စုရပ်နှင့်  မင်္ဂလာဒုံမြို့နယ် အမှတ်  (၂)  အခြေခံပညာ  အထက်တန်းကျောင်း (အောင်ဆန်းသူရိယလှသောင်း) ကျောင်းစုရပ်တို့၌  မြို့နယ်များအတွင်းရှိ ကျောင်းသား ကျောင်းသူများ အားလည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ထို့ပြင် ဒလမြို့နယ် မြို့မ (၄) ရပ်ကွက် အမှတ် (၁)     အခြေခံပညာအထက်တန်းကျောင်း   အံ့ကြီး အနောက်ရပ်ကွက်ရှိ အမက (၁၃) ကျောင်း၊ တာကြီး ရပ်ကွက်ရှိ အလက (၆) ကျောင်းနှင့် ပျော်ဘွယ်ကြီး စံပြကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း တို့ရှိ    ဆေးထိုးစုရပ်များ၌   မြို့နယ်များအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအထက် တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား  ကျောင်းသူများအား  ကိုဗစ်-၁၉    ရောဂါ  ကာကွယ် ဆေးထိုးနှံပေးကြသည်။
ကျန်းမာရေးဆောင်ရွက်ရန်စီစဉ်
ကာကွယ်ဆေးထိုးနှံပေးသည့် နေရာများ၌လည်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေး ဘေစင်များထားရှိ၍   လက်ဆေးစေခြင်း၊   Mask များ    ဝေငှခြင်း၊   ဆေးထိုးရန်  လာရောက်ကြသည့် ကျောင်းသားကျောင်းသူများအား    ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊   သွေးပေါင်ချိန်   တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏတိုင်းတာ ခြင်းတို့ကို ဦးစွာဆောင်ရွက်ပေးပြီး လုပ်ငန်းစဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ် ပါက ကုသပေးနိုင်ရန် စီစဉ်ထားကြောင်းနှင့် ကာကွယ် ဆေးလာရောက်ထိုးနှံကြသည့်        ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပြီးနောက်  နောက်ဆက်တွဲပြဿနာ၊ အန္တရာယ်တစ်စုံတစ်ရာ ရှိ/မရှိ    သိရှိနိုင်ရန်       နာရီဝက်စောင့်ကြည့်ပြီး တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ချင်းသတင်း ပေးပို့အကြောင်းကြားနိုင်ရန်        ဆောင်ရွက်ထား ကြောင်းလည်း   သိရသည်။    
ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့်          ကျောင်းသား ကျောင်းသူများအား  ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့်  သွားလာနိုင်စေရန် School Bus များ   စီစဉ်ပေးထားပြီး   ဆေးထိုးစုရပ်   ကျောင်း ပတ်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်   မြို့နယ်စီမံအုပ်ချုပ်ရေး  အဖွဲ့များ၊   မီးသတ်တပ်ဖွဲ့၊    ကြက်ခြေနီတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက  လုံခြုံရေး        ဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင် ၈ ရက် က ကျောင်းတက်ခဲ့သည့်  စာရင်းအရ  ကျောင်းသား ကျောင်းသူ ၆၈၅၅၈ ဦးကို ကာကွယ်ဆေး ပထမ အကြိမ်  ထိုးနှံခြင်းဖြစ်ပြီး ကျန်ရှိနေသော အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား လည်း    ကိုဗစ်-၁၉   ရောဂါ      ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုကိုဇော်
ဓာတ်ပုံ - ဇော်မင်းလတ်၊ နိုင်လင်းကျော် (ပြန်/ဆက်)