ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ခွင့်ပြုနိုင်ရေးညှိနှိုင်းစည်းဝေး

ရန်ကုန်  ဇူလိုင်   ၈ 
ရန်ကုန်တိုင်းဒေသကြီး   အတွင်း ပြည်တွင်းပြည်ပ  ရင်းနှီးမြှုပ်နှံမှု များ အရှိန်အဟုန်မပျက် ဆက်လက် ခွင့်ပြုနိုင်ရေး     ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးကို ယမန် နေ့က    Video    Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့     ရန်ကုန် တိုင်းဒေသကြီး     ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊    ရန်ကုန်တိုင်း ဒေသကြီး       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ     ဦးလှစိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊    ရင်းနှီး မြှုပ်နှံသူလုပ်ငန်းရှင်များက Video Conferencing        စနစ်ဖြင့် ပါဝင်ဆွေးနွေးကြပြီး    စက်မှု ဌာနတွင်    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်သည့်    CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို အတည် ပြုပေးခဲ့ပြီး မတည်ငွေရင်းပမာဏ မှာ အမေရိကန်ဒေါ်လာသန်း ၅၀၀၀ ဖြစ်ပြီး       အဆိုပါလုပ်ငန်းမှ ပြည်တွင်း    အလုပ်အကိုင်အခွင့် အလမ်း ၈၀၀ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉    ကာလတွင်    ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များ အရှိန်အဟုန်မပျက် ဆက်လက် ခွင့်ပြုနိုင်ရေးအတွက်  တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/ ၂ဝ၂၁) ကြိမ်မြောက် အစည်း အဝေးကို Video Conferencing စနစ်ဖြင့်     ကျင်းပခြင်းဖြစ်​ပြီး အထွေထွေကိစ္စရပ်များ    တင်ပြ လာသည့် ကုမ္ပဏီ ၁၄ ခု၏ တင်ပြ ချက်များကိုလည်း     ဆွေးနွေး ဆုံးဖြတ်ကြကြောင်း      သိရ  သည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)