ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး ဆွေးနွေး

 

ရန်ကုန်  အောက်တိုဘာ   ၈


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည်  ရန်ကုန် တိုင်းဒေသကြီးအတွင်း    ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး    ဦးစီး ဌာန၊   အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊   သမဝါယမ တက္ကသိုလ်(သန်လျင်)၊ သမဝါယမ ကောလိပ်(ဖောင်ကြီး)၊ သမဝါယမ အသင်းစုချုပ်၊     မြန်မာ့လက်မှု အနုပညာစင်တာ၊   သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်း ကျောင်း၊ စက်မှုလက်မှုအလုပ်ရုံ တို့မှ တာဝန်ရှိသူများနှင့် အောက် တိုဘာ ၈  ရက်က ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ တွေ့ဆုံ သည်။


တွေ့ဆုံစဉ်   ပြည်ထောင်စု ဝန်ကြီးက ကျေးလက်နေပြည်သူ များ၏      လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက် စေရေးအတွက် သမဝါယမကဏ္ဍ မြှင့်တင်ရေးနှင့်    အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်း များနှင့်   ချိတ်ဆက်ကာ ဘက်စုံ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ အကောင်အထည်ဖော်မည့် သမဝါယမလုပ်ငန်းသည် ပြည်သူ များ တိုက်ရိုက်ပါဝင်သည့်  သမ ဝါယမစနစ်ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း သမဝါယမစနစ်ကို ကျင့်သုံး၍   အောင်မြင်လျက် ရှိပါကြောင်း။


ကျေးလက်ဒေသ    ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် လက်ရှိ   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေး လက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ၏  အောင် မြင်မှုအရှိန်ကို         ဆက်လက် ထိန်းသိမ်းကြိုးပမ်း  ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ အသက် မွေးဝမ်းကျောင်း   သင်တန်းများ ဆောင်ရွက်ရာတွင်    အကျိုးရှိ ထိရောက်ရန်လိုအပ်ပြီး  ဒေသ အခြေအနေနှင့်   ကိုက်ညီသော သင်တန်းများကို   အလေးထား ဖွင့်လှစ်ရန်နှင့်   ဖွင့်လှစ်ပြီးပါက သမဝါယမဦးစီးဌာနနှင့် ပူးပေါင်း ၍    သမဝါယမအသင်း ဖွဲ့စည်း ဆောင်ရွက်ပြီး လိုအပ်သောအရင်း အနှီး၊ စက်ကိရိယာ၊ နည်းပညာ ဖြည့်ဆည်းပေးခြင်းဖြင့်   အလုပ် အကိုင်အခွင့်အလမ်း  ရရှိရေးနှင့် ဝင်ငွေတိုးလုပ်ငန်းများ      ဖော် ဆောင်နိုင်ရေး       ဆက်လက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက်   တာဝန်ရှိသူများ က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်  ဆောင် ရွက် ပြီးစီးမှုနှင့် လက်ရှိဆောင်ရွက် နေသောလုပ်ငန်းများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ    ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် မြောက်ဥက္ကလာပ မြို့နယ်ရှိ      အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနရုံးဝင်း အတွင်းရှိ MHC (မြန်မာ့လက်မှု စင်တာ)သို့  ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်