
နေပြည်တော် စက်တင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှု ဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည် လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း ထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါး များ လက်လီလက်ကားဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့ တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၂ ခုမှ ငွေကျပ် နှစ်သိန်းကျော်တန်ဖိုးရှိ အိမ်သုံးဆေးဝါး ၁၆၈ မျိုးအား ရောင်းချပေးခဲ့သည်။
အလားတူ ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ် ကမ်းနား လမ်း လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/၁၀၈) နေရာ၌ လည်း ၂၆ ရက်မြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိ ပြီး ယနေ့တွင် ငွေကျပ် တစ်သိန်း ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေး ပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည် များအသင်း၏ စီစဉ်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင်လည်း ရွေ့လျားဈေး ကားဖြင့် ဆန်၊ ဆီများ၊ စားသောက် ကုန်များနှင့် အသား၊ ငါးများကို ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်