ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အကြမ်းဖက် NUG အဖွဲ့ဝင် မောင်ကျော် (ခ) ဖြိုးဇေယျာသော် အား ပြစ်ဒဏ်ချမှတ်ခဲ့သည့်သတင်း

 

နေပြည်တော်  ဇွန်   ၈


ရန်ကုန်တိုင်းဒေသကြီးအတွင်း    အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများ၊    အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်မှုများအား    လက်မခံသော တာဝန်သိပြည်သူများ၏      သတင်းပေးပို့မှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်  ၂၀၂၁  ခုနှစ် နိုဝင်ဘာ  ၁၈   ရက်တွင်   အကြမ်းဖက် NUG အဖွဲ့ဝင် မောင်ကျော်  (ခ)  ဖြိုးဇေယျာသော်အား ဒဂုံဆိပ်ကမ်းမြို့နယ်  ရတနာလမ်း ရတနာနှင်းဆီ အိမ်ရာ တိုက်အမှတ်(3/B)   အခန်းအမှတ်  (B-0907)၌ Sigsauer အမျိုးအစား ပစ္စတို  ၂  လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များအရ သင်္ဃန်းကျွန်းမြို့နယ် (၂၉)   ရပ်ကွက်   သုခိတာလမ်း   အမှတ်(၆၇)နှင့် သင်္ဃန်းကျွန်းမြို့နယ်    (ဇ)  မြောက်ရပ်ကွက် ပြည်သာယာလမ်းသွယ်(၂) အမှတ်(၁၄၂)ရှိ ၎င်း၏ နေအိမ်များတွင် M-16 ၇ လက်၊ AK-47 ၈ လက်၊ MK-12 ၁၅ လက်၊ M4 A1 ကာဘိုင် ၃ လက်၊ FCG-9 ၃ လက်၊ စနိုက်ပါ ၂ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်  စုစုပေါင်း သေနတ် ၁၇၈ လက်နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ      ထပ်မံသိမ်းဆည်းရမိခဲ့ သည်၊၊

 


တရားခံ   မောင်ကျော်(ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ    ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ   ဆောင်ရွက်လျက်ရှိသည့် တရားခံ ကျား  ၂၄၇ ဦး၊  မ ၄၆ ဦး၊ ပေါင်း ၂၉၃ ဦး တို့ကို  လက်နက်မျိုးစုံ  ၁၆၉ လက်၊  လက်လုပ် သေနတ်မျိုးစုံ ၂၃၁ လက်၊    လက်လုပ်စိန်ပြောင်း ၆  လက်၊    ကျည်အိမ်မျိုးစုံ  ၃၁၂ ခု၊  ကျည်မျိုးစုံ ၁၈၈၁၀ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄၈ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၀၉၉ လုံး၊  လက်လုပ်စိန်ပြောင်းဗုံးသီး  ၁၇၅ လုံး၊ မီးခိုးဗုံး ၆၁ လုံး၊ ယမ်းစိမ်း ၅ ပိဿာ၊ ယမ်းပြင်း ၂၈ တောင့်၊ ယမ်းပျော့ ၁၁ တောင့်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(ပေ ၁၀၀) ၁ ခွေ၊ ဒီတိုနေတာ ၈၉၆ ချောင်း၊ ဒီတိုနေတာကြိုးခွေ ၄ ခွေ၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊  C4 ယမ်း (၁.၂၅) ပေါင် ၉ တောင့်၊ Transistor ၁၄ ဘူး၊ ကီးပတ်ဖုန်း ၂၀ ၊ လမ်းလျှောက် စကားပြောစက်  ၁၆ လုံး၊ ဆက်သွယ်ရေး အထိုင် စက် ၅ လုံး၊ မှန်ပြောင်း ၂ ခု၊  ဂြိုဟ်တုဖုန်း ၁၆ လုံး၊   Laptop ၂ လုံး၊  Hard Disk ၁  ခု၊ ATM ကတ်များ၊   နိုင်ငံကူးလက်မှတ်စာအုပ် ၁ အုပ်၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း    အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး ရေး   ပြုလုပ်မည့်စာရင်းများနှင့် လုပ်ကြံသတ်ဖြတ်မည့်  စာရင်းများပြုစုထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွရူးသွပ် ဆေးပြားများ၊ အခြားဆက်စပ်ပစ္စည်း များနှင့်အတူ     ဖမ်းဆီးရမိခဲ့သည့်  ဖြစ်စဉ်များအား ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၅ ရက်တို့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်


တရားခံ   မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ    အကြမ်းဖက်   NUG   အဖွဲ့ဝင် ရည်မွန်နှင့် လွင်ကိုလတ်မှ  ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လက်နက်ငယ်မျိုးစုံ ၃၅၃ လက်၊ ကျည်အိမ် မျိုးစုံ ၄၇၆ ခု၊  ခဲယမ်းမျိုးစုံနှင့် ဖောက်ခွဲရေးပစ္စည်း မျိုးစုံတို့အား   ပို့ဆောင်ပေးခဲ့ကြောင်း  ဖော်ထုတ် သိရှိရသည်။

 


တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော်သည် STF   အမည်ခံအကြမ်းဖက်အဖွဲ့၊   SOF   အမည်ခံ အကြမ်းဖက်အဖွဲ့၊ HRD အမည်ခံအကြမ်းဖက်အဖွဲ့၊ YG Network  အမည်ခံအကြမ်းဖက်အဖွဲ့၊ UMCD အမည်ခံအကြမ်းဖက်အဖွဲ့၊ RF အမည်ခံအကြမ်းဖက် အဖွဲ့၊ UG အမည်ခံအကြမ်းဖက်အဖွဲ့၊ 44-ST UG အမည်ခံအကြမ်းဖက်အဖွဲ့၊ YFA အမည်ခံအကြမ်း ဖက်အဖွဲ့၊ တာမွေမြို့နယ် ပကဖအမည်ခံ အကြမ်းဖက် အဖွဲ့၊ သာကေတမြို့နယ် ပကဖအမည်ခံအကြမ်းဖက် အဖွဲ့၊    တောင်ဥက္ကလာပမြို့နယ်   ပကဖအမည်ခံ အကြမ်းဖက်အဖွဲ့၊  ဒဂုံ ပကဖ အမည်ခံအကြမ်းဖက် အဖွဲ့၊   ဒဂုံမြို့သစ်(မြောက်ပိုင်း)  မြို့နယ်   ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်     ပကဖ အမည်ခံ   အကြမ်းဖက်အဖွဲ့၊ လှိုင်သာယာမြို့နယ်    ပကဖ အမည်ခံအကြမ်းဖက် အဖွဲ့၊ လှိုင်မြို့နယ်  ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ ကော့မှူးမြို့နယ် ပကဖအမည်ခံအကြမ်းဖက်အဖွဲ့၊ ဒေါပုံမြို့နယ်     ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ မင်္ဂလာဒုံမြို့နယ်    ပကဖ  အမည်ခံအကြမ်းဖက် အဖွဲ့စသည့်     အကြမ်းဖက်အဖွဲ့    (၂၀)  ကို အကြမ်းဖက် NUG အဖွဲ့ထံမှ ရရှိခဲ့သော လက်နက်/ ခဲယမ်းများထုတ်ပေးကာ   ရန်ကုန်တိုင်းဒေသကြီး အတွင်း    အကြမ်းဖက်လုပ်ငန်းများနှင့်    အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင် ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ 
ပျက်ပြားစေရန်


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ   နိုင်ငံတော်အစိုးရ၏   အုပ်ချုပ်မှု ယန္တရားများ ပျက်ပြားစေရန်အတွက် တာဝန်ထမ်း ဆောင်နေသော  မြို့နယ်/ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကိုသတ်ဖြတ်ခြင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင် အခြားဆန့်ကျင်ဘက်ပါတီဝင်များနှင့်     အပြစ်မဲ့ ပြည်သူများကို       လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင်  အစိုးရအဆောက်အဦများ အား ဖောက်ခွဲဖျက်ဆီးမှုအကြိမ်(၃၀)၊  ရပ်ကွက် စီမံအုပ်ချုပ်ရေးရုံးများအား   ဖောက်ခွဲဖျက်ဆီးမှု(၃၂)ကြိမ်၊ လျှပ်စစ်ရုံးနှင့်  အနီးဝန်းကျင်ဖောက်ခွဲဖျက်ဆီးမှု(၉)ကြိမ်၊     ကညနရုံးနှင့်   အနီးဝန်းကျင် ဖောက်ခွဲဖျက်ဆီးမှု(၉)ကြိမ်၊ ယာဉ်ထိန်းရုံးများအား ဖောက်ခွဲဖျက်ဆီးမှု (၁၂)ကြိမ်၊ CCTV Control Box များအား ဖောက်ခွဲဖျက်ဆီးမှု (၅)ကြိမ်၊ အပြစ်မဲ့ ပြည်သူလူထု  ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ် ၍    အများပြည်သူနှင့်     သက်ဆိုင်သောနေရာ များအား ဖောက်ခွဲဖျက်ဆီးမှု အကြိမ် (၆၀) ၊ ဘာသာ ရေးဆိုင်ရာ   အဆောက်အဦအနီး   ဖောက်ခွဲဖျက်ဆီးမှု (၂)ကြိမ်၊      စာသင်ကျောင်းများ     ဖောက်ခွဲ ဖျက်ဆီးမှု(၃)ကြိမ်တို့    ဆောင်ရွက်ခဲ့ပြီး   ထိုသို့ ဖောက်ခွဲဖျက်ဆီးခြင်းများ     ဆောင်ရွက်ရာတွင် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များအား       Mission ဆောင်ရွက်မည့်         တင်ပြချက်အပေါ်မူတည်၍ လက်နက်/ခဲယမ်းများ        ထုတ်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံ    မောင်ကျော်  (ခ)ဖြိုးဇေယျာသော်မှ လက်နက်/ခဲယမ်းများထုတ်ပေး၍ အပြစ်မဲ့ ပြည်သူ များကို   အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု(၂၈)ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။
  

 

 -    ၂၀၂၁ ခုနှစ်  ဧပြီ ၂၉ ရက်တွင် HRD အမည်ခံ အကြမ်းဖက်အဖွဲ့ကို     ပစ္စတို ၁ လက်၊ လက်လုပ်ဗုံး ၁ လုံးကို     ထုတ်ပေးခဲ့ပြီး လှိုင်သာယာမြို့နယ်       (၁၆)  ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း။
    

 

-    ဧပြီ ၃၀ ရက်တွင် STF အမည်ခံ အကြမ်းဖက် အဖွဲ့အား  ပစ္စတို ၁ လက်နှင့်  လက်လုပ်မိုင်း ၁ လုံး ထုတ်ပေးခဲ့ပြီး  ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ   မြို့မရဲစခန်းအတွင်းသို့   ပစ်ခတ် ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး   ဒဏ်ရာရရှိခဲ့ ကြောင်း။
  

 

 -    မေ  ၁၈ ရက်တွင်  STF အမည်ခံအကြမ်းဖက် အဖွဲ့ကို    ပစ္စတို ၁  လက်၊    လက်လုပ်ဗုံး ၂ လုံး ထုတ်ပေးခဲ့ပြီး လမ်းမတော်မြို့နယ် (၃)ရပ်ကွက်၌ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ မှူး ဦးမျိုးလွင်အား   လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း။
    

 

-    မေ ၂၁ ရက်တွင်  STF အမည်ခံအကြမ်းဖက် အဖွဲ့ကို     ပစ္စတို ၂ လက် ထုတ်ပေးခဲ့ပြီး စမ်းချောင်းမြို့နယ်     မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ရုံးအား  ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့်       လုံခြုံရေးတပ်ဖွဲ့ဝင်  ၁ ဦး     ကျဆုံးခဲ့ပြီး  ရဲတပ်ဖွဲ့ဝင် ၁  ဦးနှင့်       အပြစ်မဲ့ပြည်သူ ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း။
    

 

-    မေ  ၂၇ ရက်တွင်  သာကေတမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့ကို          ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး သာကေတမြို့နယ် မာန်ပြေရပ်ကွက်၌  အပြစ်မဲ့ပြည်သူ ၁ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
    

 

-    မေ   ၃၀  ရက်တွင်    YG Network အမည်ခံ အကြမ်းဖက်အဖွဲ့ကို     ပစ္စတို ၁ လက်၊ လက်လုပ်ဗုံး ၁  လုံး         ထုတ်ပေးခဲ့ပြီး ရွှေပြည်သာမြို့နယ် (၆)ရပ်ကွက်ရှိ   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့     ပစ်ခတ်ခဲ့ရာ     အပြစ်မဲ့ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း။

 


    -    ဇွန် ၁ ရက်တွင်    လှိုင်သာယာမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့ကို ပစ္စတို ၁ လက်ထုတ်ပေးခဲ့ပြီး        လှိုင်သာယာမြို့နယ် (၁၁)ရပ်ကွက်၌  အပြစ်မဲ့ပြည်သူ ၁ ဦးကို   လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
  

 

 -    ဇွန်  ၁ ရက်တွင် STF အမည်ခံ အကြမ်းဖက် အဖွဲ့ကို      ပစ္စတို ၁ လက်     ထုတ်ပေးခဲ့ပြီး မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်ရှိ အပြစ်မဲ့ ပြည်သူ ၁ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
    

 

-    ဇွန် ၃ ရက်တွင် ဒေါပုံမြို့နယ် ပကဖ အမည်ခံ အကြမ်းဖက်အဖွဲ့ကို     ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး ဒေါပုံမြို့နယ်  ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ အပြစ်မဲ့ပြည်သူ ၁ ဦး ကို   လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
  

 

 -    ဇွန်  ၇ ရက်တွင်   STF အမည်ခံအကြမ်းဖက် အဖွဲ့အား    ပစ္စတို ၁ လက်   ထုတ်ပေးခဲ့ပြီး သာကေတမြို့နယ် ၃ မာန်ပြေရပ်ကွက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား    ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။
    

 

-    ဇွန်  ၈ ရက်တွင်   တာမွေမြို့နယ်   ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့ကို ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး တာမွေမြို့နယ်၊    ကျားကွက် သစ်ရပ်ကွက်ရှိ    အပြစ်မဲ့ပြည်သူ ၁  ဦးကို  လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
    

 

-    ဇွန် ၁၀ ရက်တွင် STF အမည်ခံအကြမ်းဖက် အဖွဲ့ကို    ပစ္စတို ၂ လက်   ထုတ်ပေးခဲ့ပြီး ဗိုလ်တထောင်မြို့နယ် ရဲရိပ်သာရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ၁ ဦးကို လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း။
    

 

-    ဇွန် ၁၆ ရက်တွင် လှိုင်သာယာမြို့နယ်  ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့ကို ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး     လှိုင်သာယာမြို့နယ် (၁၃)ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးကို    လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
    

 

-    ဇွန် ၂၉ ရက်တွင် UMCD အမည်ခံအကြမ်းဖက် အဖွဲ့ကို    ပစ္စတို ၁ လက်၊    လက်လုပ်မိုင်း ၁၂ လုံး၊ ယမ်းပျော့ ၁၁ တောင့်၊ ယမ်းမှုန့် ၁ ထုပ်၊ စနက်တံ ၁၈ ချောင်းတို့ကို   ထုတ်ပေးခဲ့ပြီး တာမွေမြို့နယ်         မေတ္တာညွန့်ရပ်ကွက်   သမာဓိလမ်းရှိ     မြန်မာ့စီးပွားရေးဘဏ်ရှေ့၌   လုံခြုံရေးတပ်ဖွဲ့ဝင်များကို        ပစ်ခတ်ခဲ့ရာ   လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း။
    

 

-    ဇူလိုင် ၁၁ ရက်တွင် STF အမည်ခံအကြမ်းဖက် အဖွဲ့ကို  Glock အမျိုးအစား  ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင် (၂)ရပ်ကွက်ရှိ “လှသီတာ”   ရွှေဆိုင်အား   ဓားပြတိုက်ခဲ့ကြောင်း။
  

 

 -    ဩဂုတ် ၅ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်    ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့ကို ပစ္စတို ၁ လက်   ထုတ်ပေးခဲ့ပြီး     ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်      (၃၅)ရပ်ကွက်၊ မြိုင်မဟာလက်ဖက်ရည်ဆိုင်၌     အပြစ်မဲ့ ပြည်သူ ၁ ဦးကို    ပစ်ခတ်ခဲ့ရာ    ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း။
  

 

 -    ဩဂုတ် ၁၄ ရက်တွင် တာမွေမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့ကို ပစ္စတို ၆ လက်   ထုတ်ပေးခဲ့ပြီး      ရန်ကုန်မြို့ပတ်ရထား လုံခြုံရေးအဖွဲ့များကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ကြောင်း။
    

 

-    ဩဂုတ် ၁၇ ရက်တွင်  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊      ပကဖ   အမည်ခံအကြမ်းဖက်အဖွဲ့ ကို          ပစ္စတို  ၁ လက်    ထုတ်ပေးခဲ့ပြီး    ဒဂုံမြို့သစ်(တောင်ပိုင်း)  မြို့နယ်    (၅၇)ရပ်ကွက်ရှိ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့    ပစ်ခတ်ခဲ့ရာ    အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။
  

 

-    ဩဂုတ် ၂၂ ရက်တွင် STF အမည်ခံ အကြမ်းဖက် အဖွဲ့ကို      ပစ္စတို ၂ လက် ထုတ်ပေးခဲ့ပြီး လှိုင်သာယာမြို့နယ်      ဘုရင့်နောင်တံတား အဆင်းရှိ     လုံခြုံရေးရဲကင်းကို   ပစ်ခတ်ရန် စေခိုင်းခဲ့ကြောင်း။
    

 

-    ဩဂုတ်  ၂၅  ရက်တွင်     STF   အမည်ခံ အကြမ်းဖက်အဖွဲ့ကို ပစ္စတို   ၁ လက် ထုတ် ပေးခဲ့ပြီး   ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၀၆)ရပ်ကွက်တွင် အပြစ်မဲ့ပြည်သူ ၁ ဦး ကို ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။
  

 

 -    ဩဂုတ် ၂၆ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့ကို ပစ္စတို ၁ လက်  ထုတ်ပေးခဲ့ပြီး    ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်    (၉၄)ရပ်ကွက်တွင် အပြစ်မဲ့ပြည်သူ ၁ ဦးကို လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း။
  

 

-    စက်တင်ဘာ  ၂ ရက်တွင်    လှိုင်မြို့နယ် ပကဖ           အမည်ခံအကြမ်းဖက်အဖွဲ့ကို    ပစ္စတို  ၂ လက်    ထုတ်ပေးခဲ့ပြီး    လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ၁ ဦး ကို  လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

 


    -    စက်တင်ဘာ ၉ ရက်တွင်    RF   အမည်ခံ အကြမ်းဖက်အဖွဲ့ကို  လက်နက်ငယ်၂ လက် ထုတ်ပေးခဲ့ပြီး   စမ်းချောင်းမြို့နယ်     ဗဟို လမ်း၌         လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို     ပစ်ခတ်ရန် စေခိုင်းခဲ့ရာ     လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း။

 


    -    စက်တင်ဘာ ၁၁ ရက်တွင်    RF   အမည်ခံ အကြမ်းဖက်အဖွဲ့ကို  ပစ္စတို ၁ လက် ထုတ် ပေးခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ၁ ဦးကို လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း။

 


    -    အောက်တိုဘာ ၂၂ ရက်တွင် STF အမည်ခံ အကြမ်းဖက်အဖွဲ့ကို        ပစ္စတို ၁ လက်၊ လက်လုပ်မိုင်း ၃ လုံး၊ မော်တော်ယာဉ် ၂ စီး၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်  ၂ စီး ထုတ် ပေးခဲ့ပြီး ဗိုလ်တထောင်မြို့နယ် (၉)ရပ်ကွက် ရှိ    ကမ္ဘောဇဘဏ်ခွဲအား    ဓားပြတိုက်ရန် စေခိုင်းခဲ့ကြောင်း။ 

 


    -    အောက်တိုဘာ ၂၃ ရက်တွင် RF အမည်ခံ အကြမ်းဖက်အဖွဲ့ကို   လက်နက်ငယ် မျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၃၅ ခု ၊ကျည်မျိုးစုံ ၁၂၂၀ ၊    ၄၀  မမဗုံးသီး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့် ၇ ထုပ်၊      မှန်ပြောင်း   ၁ လက်တို့ကို    ထုတ်ပေးခဲ့ပြီး      ကြည့်မြင်တိုင်မြို့နယ်   ဗားကရာမီးပွိုင့်ရှိ       ယာဉ်ထိန်းရဲကင်းရုံ  ပစ်ခတ်ခဲ့ရာ    လုံခြုံရေးတပ်ဖွဲ့ဝင်   ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။

 


    -    အောက်တိုဘာ ၂၃ ရက်တွင် STF အမည်ခံ အကြမ်းဖက်အဖွဲ့ကို    ပစ္စတို  ၄ လက် ထုတ်ပေးခဲ့ပြီး       ဗိုလ်တထောင်မြို့နယ် ရပ်ကွက်(၃)ရှိ       ယာဉ်ထိန်းရဲကင်းရုံကို ပစ်ခတ်ခဲ့ရာ    လုံခြုံရေးတပ်ဖွဲ့ဝင်  ၁  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။

 


    -    နိုဝင်ဘာ ၄ ရက်တွင် YFA အမည်ခံ  အကြမ်း ဖက်အဖွဲ့ကို   ပစ္စတို ၁ လက် ထုတ်ပေးခဲ့ ပြီး မရမ်းကုန်းမြို့နယ်ရှိ Mytel GM ဦးသိန်း အောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

 


အပြစ်မဲ့ပြည်သူလူထုများအား   လုပ်ကြံသတ်ဖြတ်


ဖမ်းဆီးရမိတရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာ သော်၏ ထွက်ဆိုချက်အရ အကြမ်းဖက် CRPH နှင့် NUG အဖွဲ့ဝင်   ဖြူဖြူသင်း၊  နိုင်ထူးအောင် ၊ ဝင်းမြတ်အေးနှင့်   လွင်ကိုလတ်တို့က    နည်းလမ်း ပေါင်းစုံဖြင့် ငွေကြေးများကောက်ခံ၍ အကြမ်းဖက် မှုများ ပြုလုပ်ရန်အတွက် ၎င်းထံသို့   တရားမဝင် နည်းလမ်းများဖြင့်      ငွေကြေးပို့ဆောင်ပေးခဲ့ပြီး အဆိုပါ  ရရှိငွေများကို   လက်နက်/ခဲယမ်းများ ဝယ်ယူခြင်း၊  ဖောက်ခွဲရေးအတွက်   လိုအပ်သော ပစ္စည်းများဝယ်ယူခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဝယ်ယူခြင်း၊  အကြမ်းဖက်အဖွဲ့များ ပုန်းခို နေထိုင် နိုင်ရေးအတွက်  နေရာ(Safe House)များ ငှားရမ်း ခြင်း၊   ပြည်သူလူထု   အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲရေးလုပ်ငန်းများ     ဆောင်ရွက်ခြင်းနှင့် အပြစ်မဲ့ပြည်သူလူထုများအား   လုပ်ကြံသတ်ဖြတ် ခြင်းများ ဆောင်ရွက်ရာတွင်  အောင်မြင်မှုအပေါ် မူတည်၍ အကြမ်းဖက်သမားများအား ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အချို့ကို    ကိုယ်ကျိုး အတွက် ရယူသုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံ  မောင်ကျော် (ခ) ဖြိုးဇေယျာသော်၏ စေခိုင်းမှုဖြင့် အကြမ်းဖက်အဖွဲ့များမှ   ရန်ကုန်တိုင်း ဒေသကြီးအတွင်း  အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့သဖြင့်     လုံခြုံရေးတပ်ဖွဲ့ဝင်   ၉ ဦး၊ အပြစ်မဲ့ပြည်သူ  ၁၂ ဦး   စုစုပေါင်း  ၂၁ ဦး   သေဆုံး ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ   အပါအဝင် အပြစ်မဲ့ ပြည်သူ  ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 


သို့ဖြစ်၍           ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများကို   ရက်စက်စွာ သတ်ဖြတ်ခဲ့ ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို    အနီးကပ် စီစဉ်ညွှန်ကြားခဲ့ခြင်း၊   အကြမ်းဖက်   NUG/CRPH/NUCC တို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှု များအတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို   ပြစ်မှု ထင်ရှားကျူးလွန်ခဲ့သည့် တရားခံ  မောင်ကျော်(ခ) ဖြိုးဇေယျာသော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 


တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာ အမှတ် (၂/၂၀၂၁)ဖြင့်  အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ် ထားသော CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များ    အသုံးပြုရန်အတွက်   လက်နက် ခဲယမ်းများအား နေအိမ်တွင် သိုဝှက်သိမ်းဆည်းခြင်း၊ ရန်ကုန်မြို့တွင်းရှိ  အကြမ်းဖက်အဖွဲ့ ၂၀ ကို ဦးဆောင်၍ ရန်ကုန်မြို့အတွင်း  အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်ခြင်း၊  လုံခြုံရေးဂိတ်များ၊ ရဲစခန်းများ၊ဌာန ဆိုင်ရာရုံးများနှင့် နယ်မြေခံတပ်များအား တိုက်ခိုက် ဖောက်ခွဲဖျက်ဆီးခြင်း၊   အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်း များ  ဆောင်ရွက်ရာတွင်   စီစဉ်ညွှန်ကြားခြင်းတို့ ကြောင့်   ၂၀၂၂ ခုနှစ်  ဇန်နဝါရီ  ၂၁ ရက်တွင် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ  အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ “သေဒဏ်” အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။ 


သတင်းစဉ်