
နေပြည်တော် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး ကျင်းပသော နှစ်ဦးတရားအလှူတော် ဓမ္မပူဇာပထမ နေ့တရားပွဲကို ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ဓမ္မပူဇာတရားပွဲပထမနေ့၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌ ဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မန္တလေး မြို့ ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ ကြွရောက်တော်မူပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ နှစ်ဦးတရားအလှူတော်မင်္ဂလာ ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များမှ တာဝန်ရှိသူများက ဆရာတော်ဟောကြား တော်မူသည့် ရတနသုတ်တရားတော်များကို နာယူကြသည်။
ထို့နောက် ဆရာတော်ကြီး၏ ဓမ္မပူဇာတရား အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး သာသနာရေးမှူးထံ ပေးအပ်လှူဒါန်း သည်။
နှစ်ဦးတရားပွဲကို ဇန်နဝါရီ ၁ ရက်တွင် ဗန်းမော် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ၊ ဇန်နဝါရီ ၂ ရက်တွင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ဇန်နဝါရီ ၃ ရက်တွင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသတို့က နှစ်ဦးတရားတော်များကို ညစဉ် ၇ နာရီတွင် ဟောပြောမည်ဖြစ်ပြီး SKYNET ရုပ်သံလိုင်း၊ BUDDHA Channel နှင့် မဟာဗောဓိရုပ်သံလိုင်းများမှ LIVE ထုတ်လွှင့်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်