
နေပြည်တော် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပ သော နှစ်ဦးတရားအလှူတော်ဓမ္မပူဇာ ပထမနေ့ တရားပွဲကို ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ဓမ္မပူဇာတရားပွဲ ပထမနေ့၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ကြွရောက်တော်မူပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ နှစ်ဦးတရားအလှူတော်မင်္ဂလာ ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များမှ တာဝန်ရှိသူများက ဆရာတော်ဟောကြား တော်မူသည့် ရတနာ့သုတ်တရားတော်များကို နာယူ ကြသည်။
ထို့နောက် ဆရာတော်ကြီး၏ ဓမ္မပူဇာတရား အလှူတော်ငွေများကို ဝန်ကြီးချုပ်က တိုင်းဒေသ ကြီး သာသနာရေးမှူးထံ ပေးအပ်လှူဒါန်းသည်။
နှစ်ဦးတရားပွဲကို ဇန်နဝါရီ ၁ ရက်တွင် ဗန်းမော် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊ ဇန်န ဝါရီ ၂ ရက်တွင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ဇန်နဝါရီ ၃ ရက်တွင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ တို့က နှစ်ဦးတရားတော်များကို ညစဉ် ၇ နာရီတွင် ဟောပြောမည်ဖြစ်ပြီး SKYNET ရုပ်သံလိုင်း၊ BUD-DHA Channel နှင့် မဟာဗောဓိရုပ်သံလိုင်းများမှ LIVE ထုတ်လွှင့်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်