ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ငမိုးရိပ်ရေထိန်းတံခါးနှင့် စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်)တွင် ရေဝင်ရောက်မှုအခြေအနေကြည့်ရှုစစ်ဆေး

 

ရန်ကုန်  အောက်တိုဘာ  ၁၃


ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့က  ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ် စစ်ပင်တောင်ကျေးရွာ အနီး   စစ်ပင်တောင်ကွေ့ရှိ   ငမိုးရိပ်ရေထိန်းတံခါး အခြေအနေအား  သွားရောက်၍   ကြည့်ရှုစစ်ဆေး သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ သည် မိုးရွာသွန်းမှုကြောင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်   ငမိုးရိပ်ရေထိန်းတံခါး  အခြေအနေအား သွားရောက်၍ ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ဆောင်ရွက်ထား ရှိမှု    လုပ်ငန်းအခြေအနေများကို   တင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များနှင့်   စပ်လျဉ်း၍   လိုအပ်သည်များ မှာကြားသည်။


အလားတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့ မွန်းလွဲပိုင်းက ငမိုးရိပ်ရေထိန်းတံခါးသို့ ထပ်မံသွား ရောက်၍ ရေထိန်းတံခါးပေါက်များမှ ရေပြန်ထုတ် ထားမှုနှင့်   ရေထိန်းတံခါးအနီး  အမှိုက်နှင့်နုန်းများ ဆယ်ယူနေမှုကို  ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး    ဦးကျော်နိုင်ဦးက    လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား  ရှင်းလင်း တင်ပြသည်။


ထို့နောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ မီးသတ် ဦးစီးဌာနမှ စက်တပ်လှေငယ်များဖြင့် ငမိုးရိပ်ချောင်း တစ်လျှောက် ချောင်းရေစီးဆင်းနေမှု  အခြေအနေ ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ငမိုးရိပ်ရေထိန်းတံခါး   ရှင်းလင်း ဆောင်၌  ဌာနဆိုင်ရာတာဝန်ရှိသူများအား  ရေများ ပြန်လည်ကျဆင်းရာတွင် ရေထိန်းတံခါးအနီး ပိတ်စို့ နေသည့်     အမှိုက်များ    အမြန်ဆုံးရှင်းလင်းရန်၊ အမှိုက်များ ဆယ်ယူရှင်းလင်းရာတွင် လူအားထက် စက်ယန္တရားများနှင့်ပါ နှိုက်ထုတ်ဆယ်ယူ ရှင်းလင်း ဆောင်ရွက်ရန်၊ အမှိုက်များနှင့်အတူ သဲနုန်းများကိုနုန်းဖျော်စက်ဖြင့်   ရှင်းလင်းဆောင်ရွက်သွားရန်၊ ညပိုင်းတွင်  ရှင်းလင်းရေးလုပ်ငန်းများ အဆင်ပြေစေ ရန်  ရေထိန်းတံခါး ‌အနီးပတ်ဝန်းကျင်တွင် လျှပ်စစ် မီးလုံးများ ထွန်းထားရန်၊ လုပ်ငန်းများ   ဆောင်ရွက်ရာ တွင်  ဆောင်ရွက်သည့်သူများ ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်အောင် ဂရုပြုဆောင်ရွက်သွားရန်၊ ရှင်းလင်းရေး ဆောင်ရွက်နေသူများအတွက် စားရေးသောက်ရေး     စီစဉ်ဆောင်ရွက်ပေးသွားရန်နှင့်  လိုအပ်သည်များကို မှာကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း )မြို့နယ်ရှိ  စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက် ပြီး ဆေးရုံဝင်းအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ ဆေးရုံ ထရန်စဖော်မာ ဘေးပတ်လည်ရေဝင်ရောက်မှု မရှိစေရေး သဲအိတ်များကာရံနေမှုနှင့် ရေများခပ်ထုတ် ဆောင်ရွက်နေမှု၊ စိတ်ကျန်းမာရေးဆေးရုံကြီး   မီးဖို ဆောင်နှင့်    ရိက္ခာဆောင်အတွင်းရေဝင်နေမှု၊   ဆန် ရိက္ခာများ  သိုလှောင်ထားရှိမှု အခြေအနေနှင့်  လူနာ များ စားသုံးရန်   အစားအစာများ   ချက်ပြုတ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။    

ဝေယံ(ပြန်/ဆက်)