ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်မည့်  တိုင်းဒေသကြီး ကိုယ်စားပြုလူငယ်များနှင့် တွေ့ဆုံ

 

ရန်ကုန်   ဩဂုတ်  ၈
ရန်ကုန်တိုင်းဒေသကြီး     ဝန်ကြီးချုပ်    ဦးစိုးသိန်း သည် ၂ဝ၂၄ ခုနှစ်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့    တက်ရောက်မည့်   ရန်ကုန်တိုင်း ဒေသကြီးကိုယ်စားပြု    လူငယ်များအား    ယမန်နေ့  ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၃) ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ်     ရန်ကုန်တိုင်းဒေသကြီး    လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်  က အမှာစကား ပြောကြားသည်။ 
ထို့နောက်    မြန်မာနိုင်ငံ    ကွန်ပျူတာပညာရှင် အသင်း   အတွင်းရေးမှူး  ဦးဇော်ဝင်းထွန်းက  Al နည်းပညာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်    ရန်ကုန်တိုင်းဒေသကြီး     လူငယ် ရေးရာကော်မတီ    ဒုတိယဥက္ကဋ္ဌ    တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က နေပြည်တော် တွင်   ကျင်းပမည့်   အပြည်ပြည်ဆိုင်ရာ   လူငယ် များနေ့သို့    သွားရောက်မည့်   လူငယ်များရွေးချယ် ခဲ့ရမှုနှင့်    သွားရောက်မည့်ခရီးစဉ်ကို       ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါ    လူငယ်များနေ့      အခမ်းအနားတွင် လူမှုရေးနှင့်   ယဉ်ကျေးမှုကဏ္ဍ၊   စီးပွားရေးကဏ္ဍ၊ နည်းပညာနှင့် အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍဟူ၍  ဆွေးနွေးမည်ဖြစ်ရာ ကဏ္ဍတစ်ခုလျှင် လေးဦးဖြင့် ကဏ္ဍသုံးခု   လူငယ်   ၁၂  ဦးကို     ရွေးချယ်ထားပြီး လူငယ်များအားလုံး  ကဏ္ဍသုံးခု ခေါင်းစဉ်သုံးမျိုးကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ယနေ့  နံနက်ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား  မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံ  သံအမတ်ကြီး H.E Mr. Abhay Thakur နှင့် အဖွဲ့က ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ်   စီးပွားရေး   ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ  ကိစ္စရပ်များ၊  ပင်လယ်ရေကြောင်းနှင့် လေကြောင်း    ကုန်သွယ်ရေး     ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ယဉ်ကျေးမှု၊ ဘာသာတရားကိုးကွယ် မှုနှင့်  ချစ်ကြည်ရင်းနှီးမှု  ကိစ္စရပ်များကို   ဆွေးနွေး ပြောကြားခဲ့ကြသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)