သန်လျင် အောက်တိုဘာ ၂၂
သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ် များအတွင်း နေကြာသီးနှံစိုက်ပျိုး မည့် တောင်သူများထံ ရေဆင်း(၁)စပ်မျိုး နေကြာသီးနှံ မျိုးစေ့အိတ် များနှင့် သွင်းအားစုမြေသြဇာအိတ် များ ဖြန့်ဖြူးခြင်းအခမ်းအနားကို ယမန်နေ့က သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက် ရောက်သည်။
ဦးစွာ သန်လျင်ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်သိုက်ဝင်းက ခရိုင်အတွင်းရှိ မြို့နယ်များမှ နေကြာသီးနှံလျာထားချက်ဧက ၁၆၄၉ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိ မှုကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နေကြာစိုက် တောင်သူများအနေဖြင့် လူမှု စီးပွားဘဝ တိုးတက်မြင့်မားရေး နှင့် နေကြာစိုက်ပျိုးခြင်းကို နိုင်ငံ တော်အစိုးရက အားပေးကူညီ လျက်ရှိကြောင်း၊ တောင်သူများ အနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဆွေးနွေးမှာကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သန်လျင်၊ ကျောက် တန်းမြို့နယ်မှ စံပြစိုက်ကွက် စိုက်ပျိုးမည့် တောင်သူများအား နေကြာသီးနှံ မျိုးစေ့အိတ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးများက သုံးခွ၊ခရမ်းမြို့နယ် မှ စံပြစိုက်ကွက်တောင်သူများသို့လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဆွေနှင့် သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးတို့က သက်ဆိုင် ရာ မြို့နယ်များအား နေကြာသီးနှံ မျိုးစေ့အိတ်များနှင့် သွင်းအားစု မြေသြဇာအိတ်များ ပေးအပ်ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး က နေကြာသီးနှံ စိုက်ပျိုးရေးနှင့် ပတ်သက်၍ တောင်သူများ သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက် များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံတောင်သူများအား ရင်း ရင်းနှီးနှီး နှုတ်ဆက်၍ ပြခန်း အတွင်း ခင်းကျင်းပြသထားသော တောင်သူအသိပညာပေး ခေတ်မီ လယ်ယာသုံး စက်ကိရိယာနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ခင်းကျင်းပြသ ထားသည့် စိုက်ပျိုးရေးအသိပညာ ပေး ပြခန်းများကို လှည့်လည် ကြည့်ရှုသည်။ ထို့နောက် သန်လျင် မြို့နယ် စစ်ပင်ကွင်းကျေးရွာတွင် ဧက ၅၀ ရေဆင်းစပ်မျိုး (၁) စံပြ စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှု အားပေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)



