ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ငမိုးရိပ်ရေလှောင်တမံနှင့်ရေပိုလွှဲများကြံ့ခိုင်မှု၊ ရေထိန်းညှိလွှတ်ပေးနေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

ရန်ကုန်  ဩဂုတ်   ၆


ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက   ငမိုးရိပ်ရေလှောင် တမံနှင့်             ရေပိုလွှဲများကြံ့ခိုင်မှု အခြေအနေများနှင့်    ရေထိန်း ညှိလွှတ်ပေးနေမှုများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ငမိုးရိပ်ရေထိန်း မျှော်စင်မှ  ငမိုးရိပ်ရေလှောင်တမံ အတွင်း       ရေသိုလှောင်ထားရှိမှု၊ ရေထုတ်ပြွန်၊ ကန်ရေပြည့်အမှတ်၊ ရေပိုလွှဲများ ကြံ့ခိုင်မှုရှိ  မရှိ သွား ရောက်    ကြည့်ရူစစ်ဆေးကြရာ ရှင်းလင်းဆောင်တွင် တိုင်းဒေသ ကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန   ညွှန်ကြား ရေးမှူး ဦးကျော်နိုင်ဦးက ငမိုးရိပ် ရေလှောင်တမံ၊          ပေါင်းလင်း ရေလှောင်တမံနှင့်          မဟူရာ ရေလှောင်တမံတို့တွင် နှစ်အလိုက် မိုးရွာသွန်းမှု၊ ရေသိုလှောင်ထားရှိမှု၊ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုနှင့် ရေလှောင်တမံဆိုင်ရာ     အချက် အလက်များကို  ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး   ဝန်ကြီးချုပ်က မိုးအဆက်မပြတ်        ရွာသွန်းမှု ကြောင့်           ရေတက်လာပါက အန္တရာယ်ရှိနိုင်မှုနှင့်  ရေအတက် အကျကို       အချိန်နှင့်တစ်ပြေးညီ တင်ပြသွားနိုင်ရေးနှင့်    လိုအပ် သည်များ မှာကြားသည်။


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီး မွေးမြူရေးဇုန်နှင့် ဒေသခံကျေးရွာ များအတွက် ရေဂါလန် သန်းတစ် ထောင်    ဧကပေ   ၁၇၄၀     ဆံ့ သေနပ်ချောင်း   ရေလှောင်တမံ အတွင်း    ရေဝင်ရောက်မှုအခြေ အနေများနှင့် ရေပိုလွဲတည်ဆောက် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား   ကန့်သတ် နယ်မြေအဖြစ် သတ်မှတ်၍   ရေ မကူးရ၊  ငါးမမျှားရ၊   သစ်ပင် မခုတ်ရ အသိပေးဆိုင်းဘုတ်များဆောင်ရွက်ထားရှိရန်နှင့် လိုအပ် သည်များ မှာကြားသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီး   မွေးမြူရေးဇုန်၏  စီမံခန့်ခွဲရေးရုံး နှင့်ရှင်းလင်းဆောင် တည်ဆောက်           ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး   တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားခဲ့‌ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)