ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၄၃သန်းနှင့် အလုပ်အကိုင် ၂၃၆၉ ဦးအတွက် ဖန်တီးပေး

 

ရန်ကုန်    ဩဂုတ်    ၂၄


ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို  ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့    ရန်ကုန် တိုင်းဒေသကြီး     ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ  တိုင်းဒေသကြီး ဝန်ကြီးချုပ်         ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေး အောင်၊    တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ ဌာနဆိုင်ရာ     တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံသူ   လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 


အစည်းအဝေးတွင်    ရန်ကုန် တိုင်းဒေသကြီး    ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခုကို    အတည်ပြုပေးခဲ့ပြီး အတည်ပြု ခဲ့သည့် လုပ်ငန်းများမှာ HDPE,PP  Woven  and  Non-woven Bags   နှင့်  Sacks များ ထုတ်လုပ်၍ ပြည်ပသို့ ၁၀၀ ရာခိုင်  နှုန်း   ရောင်းချသည့်   ပြည်တွင်း ဆန်လုပ်ငန်းများသို့      packing အိတ်များပုံစံရာနှုန်းပြည့် ရောင်းချ‌ ပေးခြင်းလုပ်ငန်း၊    CMP   စနစ် ဖြင့်     အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊  အထည်ချုပ် လုပ်ငန်းများတွင်   အသုံးပြုသော ပလတ်စတစ်အိတ်    အမျိုးမျိုး ထုတ်လုပ်၍    ပြည်တွင်းရှိ   CMP အထည်ချုပ်     လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်း၊      အလွှာ ကပ်ပိတ်မျိုးစုံ       ထုတ်လုပ်၍ ပြည်တွင်းရှိ  CMP  လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်သည်။

 


အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၏    မတည်ငွေရင်း ပမာဏမှာ    အမေရိကန်ဒေါ်လာ   ၅  ဒသမ   ၁၄၃   သန်းဖြစ်ပြီး လုပ်ငန်းလေးခု တို့မှ   ပြည်တွင်းအလုပ်အကိုင်     အခွင့်အလမ်း ၂၃၆၉ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း နှင့် အစည်းအဝေးတွင်  ကုမ္ပဏီ ၁၂ ခု ၏    အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြောင်း    သိရ သည်။  

ဆန်းကျော်ဦး(ပြန်/ဆက်)