ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီဖွဲ့စည်းဆောင်ရွက်

 

ရန်ကုန်   ဩဂုတ်   ၂၈


ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက် စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ  ပြေးဆွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြောင်းဖြင့်   ခရီးသွားကြသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး နှင့်  ကုန်စည်များ  လုံခြုံချောမွေ့စွာ  လိုရာခရီးသို့ သယ်ယူပို့ဆောင်နိုင်ရေး  ဝန်ဆောင်မှုပေးနိုင်ရန်၊  ရေယာဉ်လုပ်ငန်းလုပ်ကိုင်သူများ၊ ရေယာဉ်ပိုင်ရှင် များ၊  ရေယာဉ်လုပ်သားများအနေဖြင့် ချမှတ်ထား သော   စည်းမျဉ်းစည်းကမ်းများနှင့်အညီ  လုပ်ငန်း လုပ်ဆောင်နိုင်စေရန်၊      ရေယာဉ်ဆိုက်ကပ်သည့်  ဆိပ်ကမ်းနေရာများ   စနစ်တကျရှိစေရေး  ဆောင် ရွက်ရန်၊  ရေယာဉ်စည်းကမ်း၊ ရေကြောင်းဆိုင်ရာ စည်းကမ်းများကို      လိုက်နာဆောင်ရွက်ခြင်းဖြင့်      ရေယာဉ်မတော်တဆမှုများ  လျော့နည်းပပျောက် စေရန်  ရည်ရွယ်ကာ ပုဂ္ဂလိကရေယာဉ်များ စနစ် တကျ ပြေးဆွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက် ခြင်းဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးမှ သိရသည်။  
ကြည့်မြင်တိုင်မြို့နယ်အတွင်း    လှိုင်မြစ်အား      အသုံးပြုလျက် သွားလာလှုပ်ရှားနေကြသည့် ခရီး သွားပြည်သူများ၏ အသက်အန္တရာယ်  ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက်  စက်တပ်သမ္ဗန်    ရေယာဉ်မောင်းနှင်သူများအား   စနစ်တကျမှတ်ပုံ တင်  ထုတ်ပေးရေးနှင့်   သမ္ဗန်ရေယာဉ်ပြေးဆွဲရေး၊    သမ္ဗန်ရေယာဉ်ဂိတ်များဖွဲ့စည်းမှု၊       ရေကြောင်း  သွားလာမှုဆိုင်ရာ      စည်းကမ်းထိန်းသိမ်းရေးနှင့်       အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ  ဆောင် ရွက်ရာတွင် ပိုမိုလျင်မြန်စွာ  ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက်   သက်ဆိုင်ဌာနများနှင့်     ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်း    ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် မှတ်ပုံတင်ထားရှိသည့် မြင်းကောင်ရေ   ၂၀ အောက် စက်တပ်သမ္ဗန်   ၅၃၇ စင်းရှိရာ သမ္ဗန်ရေ ယာဉ်ဂိတ်    ခုနစ်ဂိတ်ဖြစ်သည့်    ဆိပ်ကြီးရေယာဉ် ဂိတ်တွင်  အစင်း  ၆၀၊ စက်ဆန်းရေယာဉ်ဂိတ်တွင် ၉၂ စင်း၊ အောက်ရုံရေယာဉ်ဂိတ်တွင် ၈၈ စင်း၊ အလတ် ချောင်း ရေယာဉ်ဂိတ်တွင်  ၁၀၃  စင်း၊ အေးရွာအရှေ့ ရေယာဉ်ဂိတ်တွင်  ၅၄ စင်း၊ ဘလုတ်ညွန့်ရေယာဉ်ဂိတ် တွင် ၇၄ စင်း၊ စက်ကလေးရေယာဉ်ဂိတ်တွင်  ၆၆  စင်းဖြင့်    အသီးသီးပြေးဆွဲလျက်ရှိကြောင်း   သိရ သည်။                         

ဆန်းကျော်ဦး(ပြန်/ဆက်)