
နေပြည်တော် နိုဝင်ဘာ ၁၉
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီ ၃၈ မိနစ်ခန့်တွင် ရန်ကုန် ဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ကုန်သည် လမ်းနှင့် ၂၆ လမ်းထိပ် အမှတ် (၇၁၈/၇၂၀)ရှိ “သစ္စာ”ကုန်မာနှင့် အိမ်အလှဆင် ပစ္စည်းအရောင်း ဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဦးမောင် မောင်ထွန်း (ခ) အင်မရမ်းနှင့် မိတ်ဆွေဖြစ်သူ ဦးမြင့်ကြည်တို့ ရှိနေစဉ် နှာခေါင်းစည်းအနက်ရောင် များ တပ်ဆင်ထားသော အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားသုံးဦး က ဓားမြှောင်များ ကိုင်ဆောင် ဝင်ရောက်လာကာ ဦးမောင်မောင် ထွန်းနှင့် ဦးမြင့်ကြည်တို့အား ရန်ပြုတိုက်ခိုက် ခြိမ်းခြောက်ပြီး ဦးမောင်မောင်ထွန်းပိုင် မီးခံ သေတ္တာအတွင်းရှိ ငွေကျပ်သိန်း ၂၈၀၊ ဦးမြင့်ကြည်ပိုင် YGN 4H/ 6543 Toyota Allion ခဲရောင် မော်တော်ယာဉ်နှင့် I phone နှစ်လုံးတို့ကို လုယက်ယူဆောင် သွားခဲ့သဖြင့် လုယက်မှုကျူးလွန် သူ တရားခံများအား ပန်းဘဲတန်း မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ သည်။
လုယက်မှုကျူးလွန်ခဲ့
အထက်ပါဖြစ်စဉ်မှ လုယက်မှု ကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍ သတင်းရယူ စုံစမ်းခြင်း၊ ခိုင်လုံသည့် လုံခြုံရေး မှတ်တမ်း အထောက်အထားများ ကို အခြေခံကာ ရရှိလာသော သတင်းများအား ကွင်းဆက်မပြတ် ဖော်ထုတ် ဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သည့် တရား ခံ သုံးဦးအနက် တရားခံတစ်ဦးမှာ အဆိုပါ “သစ္စာ”ကုန်မာဆိုင်တွင် ယခင်က ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသော သီဟအောင် ဆိုသူဖြစ်ကြောင်း စတင်ဖော်ထုတ် သိရှိခဲ့ရပြီး တရားခံများ လုယက် ယူဆောင်သွားခဲ့သည့် YGN 4H/6543 Toyota Allion ခဲရောင် မော်တော်ယာဉ်ကို နိုဝင်ဘာ ၃ ရက် နံနက် ၁၁ နာရီတွင် ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက် ရန်ကင်းကလေးဆေးရုံ အနီး ကန်ဘဲ့လမ်းမပေါ်တွင် ပြန်လည်တွေ့ရှိ သိမ်းဆည်းရမိခဲ့ သည်။
ဆက်လက်စုံစမ်း ဖော်ထုတ် ချက်အရ နိုဝင်ဘာ ၁၈ ရက်ညနေ ၃ နာရီ ၅၅ မိနစ်တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ဒဂုံဧရာ အဝေးပြေးကားဝင်းရှိ “အင်ကြင်း” စားသောက်ဆိုင်တွင် လသာ မြို့နယ် အမှတ် (၃) ရပ်ကွက် စဉ့်အိုးတန်းလမ်း အမှတ်(၆)နေ တရားခံ သီဟအောင်(ခ) ဝက်ပိန် ၂၉ နှစ် (ဘ)ဦးသိန်းသန်းထွန်း အား လုယက်မှုကျူးလွန်ရာမှ ရရှိ သည့် ငွေများဖြင့် ဝယ်ယူထား သည့် ရွှေလက်စွပ် နှစ်ကွင်း၊ VIVO Y16 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်းတစ်လုံး၊ Digitech အမျိုးအစား နာရီတစ်လုံး၊ အနက် ရောင် ပိုက်ဆံအိတ်တစ်လုံးနှင့် ငွေကျပ် ၆၄၀၀၀၀ တို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ဖမ်းဆီးရမိသူ သီဟအောင်(ခ)ဝက်ပိန်၏ ထွက်ဆိုချက်အရ လုယက်မှုတွင် အတူပါဝင် ကျူးလွန်ခဲ့သူများ ဖြစ်ကြသည့် မင်္ဂလာဒုံမြို့နယ် ပေါင်းကူးဉာဏ ရပ်ကွက် မဉ္ဇူ(၂)လမ်းနေ မျိုးဇော် ထွန်း ၃၁ နှစ် (ဘ)ဦးတင်သောင်း အား လုယက်မှုကျူးလွန်ရာမှ ရရှိ သည့် ငွေများဖြင့် ဝယ်ယူထား သည့် Redmi Note 11 Pro Prime အမျိုးအစား အနက်ရောင်ဖုန်း တစ်လုံးနှင့်အတူ ယင်းနေ့ ည ၉ နာရီခွဲတွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက် မြစံပယ်လမ်း အမှတ်(၉၃)နေ ဘိုဘို (ခ)မြင့်ထွေး ၂၅ နှစ် (ဘ) ဦးမြင့်သန်းအား လုယက်မှုကျူးလွန်ရာမှ ရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ရွှေနားကပ်တစ်ရန်၊ VIVO Y17 အမျိုးအစား နက်/ပြာရောင်ဖုန်း တစ်လုံး၊ Techno Spark 7 အမျိုး အစား အစိမ်းရောင်ဖုန်းတစ်လုံး နှင့် အခင်းဖြစ်စဉ် ၎င်းဝတ်ဆင် ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်၊ နက်ပြာရောင် တီရှပ်လက်တို တစ်ထည်တို့နှင့်အတူ ယင်းနေ့ ည ၁၀ နာရီတွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့အနေဖြင့် လတ်တလောငွေကြေး အသုံးလို သည့်အတွက် သီဟအောင် (ခ)ဝက်ပိန် ယခင်ယာဉ်မောင်း အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် “သစ္စာ” ကုန်မာဆိုင်ကို လုယက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ လုယက်ရာတွင် သီဟအောင် (ခ) ဝက်ပိန်က ဦးဆောင်ခဲ့ပြီး ဘိုဘို (ခ)မြင့်ထွေး နှင့် မျိုးဇော်ထွန်းတို့က ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း၊ ဆိုင်အတွင်း ဝင်ရောက်လုယက်စဉ် မျိုးဇော် ထွန်းက ဦးမောင်မောင်ထွန်းအား ချုပ်နှောင်၍ သီဟအောင်(ခ)ဝက်ပိန်က ဓားဖြင့် ထိုးခဲ့ကြောင်း၊ ဘိုဘို(ခ)မြင့်ထွေးက ဦးမြင့်ကြည် အား ချုပ်နှောင်၍ ဆိုင်နောက်ဘက် သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ဦးမောင်မောင်ထွန်း အား ခြိမ်းခြောက်ကာ မီးခံသေတ္တာ အတွင်းမှ ပိုက်ဆံများကို လုယူ ပြီး စားပွဲပေါ်တွင် တွေ့ရှိရသော ကားသော့ကိုယူ၍ ဆိုင်ရှေ့တွင် ရပ်ထားသည့် YGN 4H/6543 Toyota Allion ခဲရောင်မော်တော် ယာဉ်ကို သီဟအောင် (ခ)ဝက်ပိန်က မောင်းနှင်ယူဆောင် ကာ ထွက်ပြေးခဲ့ကြခြင်းဖြစ် ကြောင်း။
ထွက်ဆို
ရန်ကင်းမြို့နယ် ရန်ကင်း ကလေးဆေးရုံအနီး ကန်ဘဲ့လမ်းမ ပေါ်အရောက်တွင် မော်တော် ယာဉ်ကို ရပ်ထားခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တက္ကစီငှား၍ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက် သုဓမ္မာလမ်းရှိ “ရွှေရိုးရာ” ဘီယာဆိုင်တွင် ဘီယာသောက်ခဲ့ကြပြီး အခင်း ဖြစ်စဉ်က ရရှိခဲ့သော ငွေကျပ်သိန်း ၂၈၀ ကို မျိုးဇော်ထွန်းနှင့် ဘိုဘို(ခ)မြင့်ထွေးတို့ကို တစ်ဦး လျှင် ငွေကျပ်သိန်း ၃၀ စီပေး၍ သီဟအောင်(ခ)ဝက်ပိန်က ကျန်ရှိ ငွေကျပ်သိန်း ၂၂၀ ကို ယူဆောင် ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ သည်။
ဖြစ်စဉ်တွင် လုယက်မှု ကျူးလွန်သူ တရားခံ သီဟ အောင်(ခ)ဝက်ပိန်ပါ သုံးဦးကို ငွေစက္ကူရောရာ ငွေကျပ်၆၄၀၀၀၀၊ ဖုန်းမျိုးစုံ လေးလုံး၊ ရွှေလက်စွပ် နှစ်ကွင်း၊ ရွှေနားကပ်တစ်ရန်၊ နာရီ တစ်လုံး၊ ပိုက်ဆံအိတ်တစ်လုံး၊ လုယက်မှုကျူးလွန်စဉ် ဘိုဘို(ခ)မြင့်ထွေး ဝတ်ဆင်ခဲ့သည့် ပလေ ကပ်ပုဆိုးတစ်ထည်နှင့် နက်ပြာ ရောင် တီရှပ်လက်တိုတစ်ထည် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများကို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ရပ်ရွာအေးချမ်းသာယာ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးတို့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန် နှင့်တစ်ပြေးညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်