ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်လျက် ရှိကြောင်းသတင်းအရ  ဝင်ရောက်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်လျက်
ရှိကြောင်းသတင်းအရ  ဝင်ရောက်ဖမ်းဆီးရာ  တရုတ်နိုင်ငံသား ၉ ဦးနှင့်  မြန်မာနိုင်ငံသား ၃၈ ဦးတို့အား 
လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း/ငွေကြေးများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်    မေ   ၁၁
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်    မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီခွဲတွင်  ရန်ကုန်တိုင်း ဒေသကြီး     မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်၊      သီရိမွန်အိမ်ရာ၊ သီရိမွန်(၁၀)လမ်း၊  အမှတ်(၈)ရှိ PAL Hotel  တွင်  လောင်းကစား ဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့သည်။
စုစုပေါင်း ၄၇ ဦး ဖမ်းဆီး 
ထိုသို့   ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါဟိုတယ် ဒုတိယထပ်တွင် လောင်းကစားဝိုင်း တည်ထောင် ၍    စီမံခန့်ခွဲလုပ်ကိုင်နေသူ    Mr. Yang Jian ပါ  တရုတ်နိုင်ငံသား အမျိုးသား သုံးဦး၊    မြန်မာနိုင်ငံ သား အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦး၊ လောင်းကစားဝိုင်း၌ အလုပ် လုပ်ကိုင်သူ      မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၂၄  ဦးနှင့်  လောင်းကစားလာရောက် ကစားသူ တရုတ်နိုင်ငံသား အမျိုး သား ငါးဦး၊   အမျိုးသမီး တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား သုံးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၄၇ ဦး တို့ကို     လောင်းကစားပြုလုပ်ရာ တွင်    အသုံးပြုသည့်    ဘူကြီး လောင်းကစားခုံ  ငါးခုံ၊  ပဲကြား လော့    လောင်းကစားခုံ    နှစ်ခုံ၊ ကုလားသုံးကောင် လောင်းကစား ခုံ တစ်ခုံ၊ ငါးပစ်ဂိမ်းလောင်းကစား ခုံ  တစ်ခုံ၊     ဖဲထုပ်  ၂၅၄  ထုပ်၊ ငွေကျပ် ငါးရာမှ သိန်းတစ်ရာထိပါ တိုကင်ပြားများ၊   လက်ကိုင်ဖုန်း ၃၈ လုံး၊ လက်တော့ နှစ်လုံး၊ Tablet တစ်လုံး၊ All in one ကွန်ပျူတာ တစ်လုံး၊ လောင်းကစားပြုလုပ်ရာ တွင် ငွေအလွှဲ/အပြောင်း ပြုလုပ် ရာ၌ အသုံးပြုသည့် Bank Account နံပါတ်များ    ရေးသားထားသည့် ကတ်ပြား တစ်ခု၊   ဖဲချပ်ဖျက်စက် တစ်လုံး၊ ငွေရေတွက်စက်တစ်လုံး၊ CCTV Recorder တစ်လုံး၊ လောင်း ကြေးငွေ  ၃၀၁ သိန်းကျပ်၊ ကား ၁၇ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ပါသည်။
အရေးယူဆောင်ရွက်လျက်ရှိ
အဆိုပါ    ဖမ်းဆီးရမိသူ    Mr. Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား  ရှစ်ဦး၊    အမျိုးသမီး တစ်ဦး၊  ဝင်းမြင့်ထွန်းပါ  မြန်မာ နိုင်ငံသား    အမျိုးသား   ၁၁ ဦး၊ အမျိုးသမီး  ၂၇ ဦး စုစုပေါင်း ၄၇ဦး တို့အား မရမ်းကုန်းမြို့နယ် ဘုရင့် နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့် လှစ်ထားရှိပြီး တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး      ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်       ရှိကြောင်း သတင်းရရှိသည်။         သတင်းစဉ်