
နေပြည်တော် ဖေဖော်ဝါရီ ၁၅
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်၍ အာဏာတည် ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပွဲများကို ယနေ့ မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံ မြို့နယ် ထောက်ကြန့်စည်ပင်သာယာရေးရုံးဘေး (မြနန္ဒာပန်းခြံ)၌ လည်းကောင်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ ဥက္ကလာသီရိပန်းခြံဝင်း၌ လည်းကောင်း၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း) အောင်မြေသာယာ အားကစားဝင်း၌လည်းကောင်း၊ တွံတေး - ဒလ - လှိုင်သာယာ၊ ဘုရားငုတ်တိုလမ်းဆုံ သန်လျင်မြို့နယ် ငြိမ်းချမ်းကွင်း၌လည်းကောင်း၊ ကျောက်တံတား မြို့နယ် ဆူးလေယာဉ်ရပ်နားကွင်း၌လည်းကောင်း ကျင်းပပြုလုပ်ကြသည်။
ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံမျိုးချစ် ပြည်သူများက သတ်မှတ်နေရာအသီးသီးတွင် “ပြည်သူ့ စစ်မှုထမ်းဥပဒေအား အပြည့်အဝ ထောက်ခံကြိုဆိုပါ သည်။ နိုင်ငံတော်အား ပြည်တွင်း/ပြည်ပ အန္တရာယ် များမှ ကာကွယ်ရေးတစ်မျိုးသားလုံး စစ်မှုထမ်းဆောင် စို့။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက် ရန်အတွက် တစ်မျိုးသားလုံး စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်။ ပြည့်အင်အား သည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြစို့။” အစရှိသည့်ပိုစတာများ ကိုင်ဆောင်ပြီး ကွင်းအတွင်း နေရာယူခဲ့ကြသည်။
ယင်းနောက် မျိုးချစ်ပြည်သူများက နိုင်ငံတော် အလံအားအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်း၊ ဇာတိမာန်သီချင်းအား သံပြိုင်သီဆို ခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ် ချက်များကို အမျိုးသားရေးအင်အားစုမှ တာဝန်ရှိသူ များကဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကြိုဆိုထောက်ခံပါ သည်ဟု တစ်ခဲနက် ဆန္ဒထုတ်ဖော်ကာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်