
နေပြည်တော် ဇန်နဝါရီ ၁၃
ယနေ့ ညနေ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ် လိပ္ပုတ်ကျေးရွာအုပ်စု လိပ္ပုတ်ကျေးရွာ အမှတ် (၄)လမ်းမဘေးရှိ Grand Royal အရက်ချက်စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားသည်။
မီးလောင်မှုအား Level အဆင့် ( ၃ ) သတ်မှတ်၍ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ချုပ် ဦးမြတ်သူ ဦးဆောင်သော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာန ချုပ် ယာဉ်အုပ်စုနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မီးသတ်စခန်း များမှ Level 3 ယာဉ်အုပ်စု စုစုပေါင်း မီးသတ်ယာဉ် အစီး ၆၀၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၄၅၀၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ တို့ဖြင့် မီးလောင်သည့် အရက်ချက် စက်ရုံသို့ရောက်ရှိ မီးငြှိမ်းသတ် လျက်ရှိသည်။
မီးလောင်မှုကြောင့် စက်ရုံရှိ RF 96% အရက်ဆီဂါလန် ၅၀၀၀၀ ဆံ့ Tank သုံးလုံး၊ RF 50% အရက်ဆီလီတာ ၂၀၀၀၀ဆံ့ Tank ခြောက်လုံးနှင့် ဂိုဒေါင် သုံးလုံး တို့ မီးလောင်လျက်ရှိပြီး မီးလောင်မှုအား မီးသတ် တပ်ဖွဲ့ဝင်များက စွမ်းစွမ်းတမံ မီးငြှိမ်းသတ် ဆောင်ရွက်လျက်ရှိ စဉ် ညနေ ၅ နာရီခွဲတွင် အဆိုပါ စက်ရုံအတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မီးငြှိမ်းသတ်နေ သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး တွင် ဒဏ်ရာအချို့ရရှိခဲ့သော ကြောင့် အင်းစိန်ပြည်သူ့ ဆေးရုံကြီး သို့ ပို့ဆောင်ဆေးဝါးကုသမှုခံယူလျက်ရှိသည်။
စက်ရုံ မီးလောင်ရသည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးအား စိစစ်တွက်ချက်လျက်ရှိ ကာ မီးလောင်မှုအား အမြန် ဆုံးငြှိမ်းသတ် နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက ဆက်လက် ကြိုးပမ်း ငြှိမ်းသတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်