
ရန်ကုန် ဇွန် ၂၈ ရန်ကုန်တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေး ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ သိရှိနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ ဆန်စပါးစိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာ နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် Myanmar - China (juangsu) Chamber Of Commerce and Industry Incorporated တို့ပူးပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေးကဏ္ဍ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပသည်။ အဓိကစိုက်ပျိုး အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်သန်းဦးက ရန်ကုန်တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေး အခြေအနေများကို ရှင်းလင်းဆွေးနွေးမည်ဖြစ်သည့် အတွက် တက်ရောက်လာသူများ များစွာအကျိုးရှိပြီး ရင်းနှီးမြှုပ်နှံမှုများကို မြန်မြန်ဆန်ဆန် လုပ်ဆောင် လာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ယနေ့အချိန်တွင် ကမ္ဘာအရပ်ရပ်မှ ရင်းနှီးမြှုပ်နှံသူများက စီးပွားရေး အရ တွက်ခြေကိုက်မည့် နေရာဒေသများကို ရှာဖွေပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံသူများဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို သိရှိရန် ဆွေးနွေးပွဲများကို များများကျင်းပပေးဖို့ လိုအပ် ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် စိုက်ပျိုးမြေဧက ၁၁ သိန်းခန့်ရှိပြီး အဓိကစိုက်ပျိုးရေးမှာ ဆန်စပါး၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်တို့ ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍတွင် ငါးမွေးမြူရေးကန် ဧကပေါင်း ၈ဝဝဝဝ ကျော်နှင့် ငါး၊ ပုစွန် မွေးမြူရေးကို အဓိကလုပ်ကိုင်ကြကြောင်း၊ ကြက်၊ ဝက်များ ကိုလည်း ပြည်တွင်းလုပ်ငန်းရှင်များသာမက နိုင်ငံတကာလုပ်ငန်းရှင်များပါ လာရောက်လုပ်ကိုင် လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် လယ်/ ယာ သားငါးထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ် နိုင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံတန်ဖိုးမြှင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သကဲ့သို့ ထပ်မံ တိုးချဲ့ဆောင်ရွက်နိုင်သည့် အခွင့်အလမ်း များစွာ ကျန်ရှိနေသေးကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တွင် စက်မှုဇုန်ပေါင်း ၂၉ ခုရှိပြီး သီလဝါအထူး စီးပွားရေးဇုန် တည်ရှိသည့်အတွက် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးကို အခြေခံသည့် တန်ဖိုးမြှင့်ထွက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ တွင် လာရောက်ဆောင်ရွက်ကြရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။ ထို့နောက် Myanmar - China (juangsu) Chamber of Commerce and Industry Incor- porated ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြား သည်။ ရှင်းလင်းဆွေးနွေး ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ရုံး ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ဆန်စပါး စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခြေအနေကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးက စပါးစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများ၏ မေးမြန်းမှု များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဆန်စပါး စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများသည် မှော်ဘီ မြို့နယ် ဆန်စပါးသုတေသနဗဟိုခြံနှင့် လှည်းကူး မြို့နယ် သေနပ်ပြင်ကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်း ပြုလုပ်မည့် ပျိုးခင်းများကို ကွင်းဆင်းလေ့လာခဲ့ ကြောင်း သိရသည်။ သတင်းနှင့် ဓာတ်ပုံ - စောလှိုင်ဝင်း n