ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ကျောင်းသို့ သင်ထောက်ကူပစ္စည်းများ လှူဒါန်း

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၂
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ တည်ရှိသော ကျောင်းသူ ကျောင်းသားပေါင်း ၁၁၀၀ ကျော် ရှိသည့် သဒ္ဓမ္မဇောတိကာရုံဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်းသို့ ပထမဆုံးသတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်း (ICT Lab) ကို အက်တမ်မှ ဖေဖော်ဝါရီ ၁၇ ရက်က  လှူဒါန်းခဲ့ကြောင်း သိရသည်။ 
ယင်းလှူဒါန်းမှုတွင် ငွေကျပ် ၅၈၃၁၉၂၀၀ တန်ဖိုး ရှိ စွမ်းဆောင်ရည်မြင့်မားသော လက်တော့ပ်များ၊ ကွန်ပျူတာဆော့ဖ်ဝဲ၊ အများသုံးအင်တာနက်စက်များ နှင့် အခြားနည်းပညာသုံးပစ္စည်းများ    ပါဝင်မည် ဖြစ်သည်။ “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်    ရပ်တန့် ထားခဲ့ရတဲ့ သတင်းအချက်အလက်  ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့   သင်တန်းတွေကို အက်တမ် (ATOM) ရဲ့ အခုလို လိုအပ်တဲ့ပစ္စည်းကိရိယာတွေ လှူဒါန်းမှု ကြောင့် ပြန်လည်ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ကျောင်းအုပ်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒက က မိန့်ကြားသည်။
အက်တမ်(ATOM)၏ “ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်  ကူးပြောင်းခြင်း” လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံး ပစ္စည်းများပါဝင်သည့် စာသင်ခန်းများ လှူဒါန်းရန် အတွက် ကျောင်းခုနစ်ကျောင်း၏ ပကတိ အခြေ အနေများကို လေ့လာစစ်ဆေးခဲ့ပြီး  ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်မြို့များရှိ ကျောင်းလေးကျောင်းသို့ သတင်းအချက်အလက်နှင့်  ဆက်သွယ်ရေး   နည်း ပညာသုံး ပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများ (ICT Labs) ကို မတည်လှူဒါန်းသွားမည်ဖြစ်သည်။  
အဆိုပါ အခြေခံပညာကျောင်းလေးကျောင်းအတွက် လှူဒါန်းမည့် သတင်းအချက်အလက်နှင့် ဆက်သွယ် ရေး နည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်း များသည် ကျောင်းသူ  ကျောင်းသား စုစုပေါင်း ၅၈၀၀ ကျော်အား ကွန်ပျူတာစနစ်နှင့် နည်းပညာများကို လက်လှမ်းမီ  လေ့လာသင်ယူနိုင်ရန် အထောက်အကူ ပြုပေးနိုင်မည်ဖြစ်သည်။
အက်တမ်(ATOM)၏ ဒုတိယအမှုဆောင်အရာ ရှိချုပ်ဖြစ်သူ  ဦးဝင်းပိုင်ကျော်က   “ရွေးချယ်ထားတဲ့  ကျောင်းလေးကျောင်းအတွက်  သူတို့ရဲ့  ကျောင်းသူ ကျောင်းသားတွေကို    သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဆိုင်ရာ သင်တန်းတွေ ပို့ချတဲ့နေရာမှာ ကျွန်တော်တို့  အက်တမ်  (ATOM)က  တစ်တပ် တစ်အား  ပါဝင်ထောက်ပံ့ပေးရတဲ့အတွက်  အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု       ပြောကြား သည်။
ဆက်လက်၍      သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းသုံးခုကို        လှိုင်သာယာမြို့နယ်ရှိ     အောင်ဇေယျာမင်း     ပရဟိတစာသင်ကျောင်း၊ ကျောက်ဆည်မြို့နယ်ရှိ  သောကြာကြယ်   ဘုန်းတော် ကြီးသင်  ပညာရေးကျောင်း၊      လယ်‌‌ဝေးမြို့နယ်ရှိ စမတောင်      မိဘမဲ့ကလေးဂေဟာကျောင်းများသို့ လာမည့်ခြောက်လအတွင်း         ထပ်မံလှူဒါန်းမည် ဖြစ်‌ကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)