ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့  အလုပ်အမှုဆောင် စုံညီအစည်းအဝေးနှင့် အလှူငွေပေးအပ်ပွဲကျင်းပ

 

ရန်ကုန်   ဩဂုတ်    ၃၀


ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့    အလုပ် အမှုဆောင်   စုံညီအစည်းအဝေးနှင့် နေပြည်တော်ကောင်စီနယ်မြေ သာဝတ္ထိ မြို့  စ.မ  တောင်ရှိ    နဂါးတစ်ထောင်  နဂါးဥယျာဉ်တော်တွင် နဂါးရုံဘုရားကြီး တစ်ဆူ   တည်ထားပူ‌ဇော်ရန်အတွက် အလှူငွေပေးအပ်ပွဲ   အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး      ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းနှင့် ၅၉ လမ်းထောင့်ရှိ ဘာသာပေါင်းစုံ  ချစ်ကြည်ညီညွတ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌    ကျင်းပ သည်။

 


ရှေ့ဦးစွာ သဘာပတိရန်ကုန်တိုင်း ဒေသကြီး   ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဌေး နှင့်    ဒုတိယဥက္ကဋ္ဌများက   အမှာစကား ပြောကြားကြသည်။

 


ဆက်လက်၍      ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးက      ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ဆောင်ရွက် ထားရှိမှု   အခြေအနေများကို   လည်း‌ ကောင်း၊  ဘဏ္ဍာရေးမှူးက ဘဏ္ဍာငွေ အခြေအနေများကို တင်ပြကြသည်။

 


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး  ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့    ခရိုင်ဥက္ကဋ္ဌများက   မိမိတို့ခရိုင် အတွင်း  ဖွဲ့စည်းထားရှိမှု၊ တိုင်းအထွေ ထွေအတွင်းရေးမှူးက  တိုင်းအလုပ် အမှုဆောင်များ၊ အနားယူခြင်း၊ အစား ထိုးခန့်ထားခြင်း၊  အမှုဆောင်အသစ် များ အဆိုပြုလွှာများတင်ပြခြင်းတို့ကိုဆွေးနွေးဆောင်ရွက်ကြသည်။

 


ယင်းနောက်  ရန်ကုန်တိုင်းဒေသ ကြီး  ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့      အလုပ်အမှုဆောင်များက နေပြည်တော်ကောင်စီနယ်မြေ သာဝတ္ထိ မြို့ စ.မ တောင်ရှိ    နဂါးတစ်ထောင်  နဂါးဥယျာဉ်တော်တွင်  နဂါးရုံဘုရားကြီး တစ်ဆူ     တည်ထားပူ‌ဇော်ရန်အတွက်  စုပေါင်းလှူဒါန်းငွေကျပ်     ၁၅   သိန်း ငါးသောင်းလှူဒါန်းကြရာ  အသင်းဥက္ကဋ္ဌ က   လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။


အာကာလင်း