
ရန်ကုန် ဇွန် ၂၅
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဇွန် ၂၄ ရက်က လမ်းမတော်မြို့နယ် မော်တင် ယာယီ ဈေးရပ်ကွက်ကမ်းနား လမ်းရှိ ရွာသစ်ချောင်း ရေထိန်း တံခါးမြစ်ထွက်ပေါက်တွင် တစ်နာရီ ရေဂါလန် ၁၉၀၀၀၀ စုပ်ထုတ်နိုင် သည့် မြင်းကောင်ရေ ၆၀ အားရှိ သည့် 40 KW ရေစုပ်စက်ဖြင့် ရေထိန်းတံခါးပိတ်၍ ရန်ကုန် မြစ်အတွင်းသို့ ရေစုပ်ထုတ်နေမှုကို လည်းကောင်း၊ လသာမြို့နယ် ကမ်းနားလမ်းနှင့် ၂၂ လမ်းထိပ်ရှိ အမှတ်(၆) မြစ်ထွက်ပေါက်၌ တစ်နာရီ ရေဂါလန် ၃၀၀၀၀၀ စုပ် ထုတ်နိုင်သည့် မြင်းကောင်ရေ ၁၂၅ အားရှိသည့် 90 KW ရေစုပ် စက်ဖြင့် ရေထိန်းတံခါးပိတ်၍ ရန်ကုန်မြစ်အတွင်းသို့ ရေစုပ် ထုတ်နေမှုကို လည်းကောင်း၊ တာမွေမြို့နယ် နတ်ချောင်းရပ် ကွက် မြန်မာ့ဂုဏ်ရောင်လမ်း၊ အမှတ်(၃၁)အခြေခံ ပညာမူလ တန်းကျောင်းရှေ့ နတ်ချောင်း ရေထိန်းတံခါး မြစ်ထွက်ပေါက်၌ မိုးရွာသွန်းချိန်နှင့် ဒီရေတက်ချိန် တို့၌ ရေထိန်းတံခါးပိတ်၍ ရေစုပ် စက် တစ်လုံးလျှင် ၁၂ လက်မပိုက် ဖြင့် တစ်နာရီ ရေဂါလန် ၂၀၀၀၀၀ ရေစုပ်ထုတ်နေမှုကိုလည်းကောင်း၊ မေတ္တာညွန့်ရပ်ကွက်ရှိ ခုနှစ်ပင် လိမ်ချောင်း ရေထိန်းတံခါးမြစ် ထွက်ပေါက်၌ ရေစုပ်စက် နှစ်လုံး အသုံးပြုကာ ၁၀ လက်မပိုက်ဖြင့် တစ်နာရီ ရေဂါလန် ၁၂၀၀၀၀ နှုန်း ဖြင့် လည်းကောင်း၊ ၁၆ လက်မ ပိုက်ဖြင့် တစ်နာရီလျှင် ရေဂါလန် ၃၀၀၀၀၀ နှုန်းဖြင့်လည်းကောင်း ရေစုပ်ထုတ်နေမှုကို လည်း ကောင်း၊ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းဘေးရှိ ရေပေါက် ကြည်ချောင်း ရေထိန်းတံခါးတွင် ရေစုပ်စက်နှစ်လုံးဖြင့် တစ်နာရီ လျှင် ရေဂါလန် ၂၀၀၀၀၀ ရေစုပ် ထုတ်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ယင်းနေ့သည် နယုန်လပြည့် နေ့ဖြစ်သဖြင့်ညနေ ၃ နာရီ ၄၉ မိနစ်တွင် ရေအမှတ် ၆ ဒသမ ၂ မီတာသို့ ဒီရေမြင့်တက်သည့် အပြင် မိုးရွာသွန်းပါက ရေကြီး ရေလျှံမှု ဖြစ်ပေါ်နိုင်သောကြောင့် ရေထိန်းတံခါးများကို နှစ်နာရီကြို တင်၍ပိတ်ကာ ဒီရေဝင်ရောက်မှု ကို တားဆီးပြီး မြို့တွင်းမှ စီးဆင်း သည့် ရေများကို ရေစုပ်ထုတ်ခြင်း ဖြင့် ရေကြီးရေလျှံမှုကို ထိန်းသိမ်း နိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်