ရန်ကုန်မြို့တော်ဝန် မင်္ဂလာဈေးပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇူလိုင် ၂ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့ နယ် ဗညားဒလလမ်းနှင့် စက်ရုံ လမ်းထောင့်ရှိ ဈေးများနှင့် ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေးဌာန နှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့ ပူးပေါင်း၍ တာဝန်ယူဆောင်ရွက် နေသော မင်္ဂလာဈေးပြန်လည် တည်ဆောက်ရေး လုပ်ငန်းခွင်ကို မြေပြင်ကွင်းဆင်း စစ်ဆေးပြီး သတ်မှတ်ချိန် ကာလအတွင်း စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ပြီးစီး အောင်ဆောင်ရွက်ရေး၊ ဆိုင်ခန်း ဖွဲ့စည်းနေရာချထားမှုများ အဆင် ပြေ ချောမွေ့စေရေးတို့ကို မှာကြားကာ လုပ်ငန်းလိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။  အဆိုပါ မင်္ဂလာဈေးတည် ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီး ဆောင်ရွက်ရန် လျာထားပြီး စျေးတွင် မြေအောက် နှစ်ထပ်၊ မြေပေါ် ၁၅ ထပ်ဖြင့် ဘဏ်များ၊ City Mart၊ ဆိုင်ခန်းများ၊ ရုံးခန်း များနှင့် ယာဉ်ရပ်နားရန်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်