
ရန်ကုန် နိုဝင်ဘာ ၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ၄၅ ပေ x ၁၅ ပေ ကြော်ငြာဘုတ်ကြီးများအား ငှားရမ်းခနှုန်းထား၏ ၅၀ ရာခိုင်နှုန်း လျှော့ချငှားရမ်းသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
အဆိုပါ ကြော်ငြာဘုတ်ကြီးများတွင် လုပ်ငန်းရှင်များ၏ စီးပွားရေး ကြော်ငြာများ တပ်ဆင်ကြော်ငြာနိုင်ရန်အတွက် နေရာအမျိုးအစားပေါ် မူတည်၍ ငှားရမ်းခနှုန်းထားအသီးသီးဖြင့် ငှားရမ်းဆောင်ရွက်လျက်ရှိရာ ယင်း ၄၅ ပေ x ၁၅ ပေ ကြော်ငြာဘုတ်ကြီးများအား မူလသတ်မှတ် ငှားရမ်းခ နှုန်းထား၏ ၅၀ ရာခိုင်နှုန်း လျှော့ချငှားရမ်းမည် ဖြစ်ကြောင်း၊ ငှားရမ်းလျှောက်ထားလိုပါက အသေးစိတ်အချက်အလက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနတွင် စုံစမ်း၍ လျှောက်ထားနိုင်ပြီး ငှားရမ်းလိုသည့် ကြော်ငြာဘုတ်အား မြေပြင်ကွင်းဆင်းကြည့်ရှုကာ စီမံရေးရာဌာနတွင် လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် လည်းကောင်း၊ ငွေသွင်းချလန် ရယူ၍ မြို့တော်ဘဏ်၌ နေ့ချင်းပြီး အခွန်ငွေပေးသွင်း၍ ကြော်ငြာတပ်ဆင်နိုင် ကြောင်း သိရသည်။
သတင်းစဉ်