
ရန်ကုန် အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ကြီးမှူး၍ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်း ပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ယနေ့ နံနက်ပိုင်းမှ စတင်၍ အောက်တိုဘာ ၁၀ ရက်အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ ရင်ပြင်တွင် သုံးရက်တိုင်တိုင် စည်းကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဈေးဆိုင် ခန်းပေါင်း ၁၇၀ ဖွင့်လှစ်ပြီးလူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစားအသောက် အသီးအနှံများကို ရောင်းချပေးလျက်ရှိရာ ပြည်သူများ လာရောက်ဝယ်ယူအားပေး လျက်ရှိသည်၊၊
သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ဈေး ရောင်းပွဲတော်အား နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပလျက်ရှိသည့်အပြင် ည ၁၀ နာရီအထိ တေးဂီတဖျော်ဖြေပွဲများ၊ မီးရှူးမီးပန်းပစ်ဖောက်ခြင်းတို့ကို ဆောင် ရွက်သွားမည်ဖြစ်ရာ ရန်ကုန်မြို့တော်သူ/ မြို့တော်သားများ သီတင်းကျွတ်ဈေးရောင်း ပွဲတော်နှင့် မီးထွန်းပွဲတော်တို့တွင် စည်ကား သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်၊၊
သတင်းနှင့် ဓာတ်ပုံ - ကိုကိုဇော်